Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 13:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဘု​ရင်​ခံ​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် ယုံ​ကြည်​လာ​၏။ သူ​သည်​သ​ခင်​ဘု​ရား​၏​တ​ရား တော်​ကို​ကြား​သော​အ​ခါ​အံ့​သြ​မိန်း​မော​၍ နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို အ မှု ကို မြင် သော် ဝန် ကြီး သည် အ ရှင် ဘု ရား၏ ဒေ သ နာ တော် ကြောင့် အံ့ သြ၍ ယုံ ကြည် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 မြို့ဝန်မင်း​သည် ထို​အဖြစ်အပျက်​ကို မြင်​သောအခါ သခင်ဘုရား​၏​တရားတော်​ကို အံ့ဩမိန်းမော​၍ ယုံကြည်သက်ဝင်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 13:12
20 ပူးပေါင်းရင်းမြစ်များ  

တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။


လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။


အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။


လူမျိုးခြား​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဝမ်းမြောက်​လျက် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ချီးမွမ်း​ကြ​၏။ ထာဝရ​အသက်​ရရှိ​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ယုံကြည်​ကြ​၏။


ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် ထို​အရပ်​ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့​သွား​လေ​၏။


ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။


သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။


ပေါလု​နှင့်​ဗာနဗ​တို့​သည်​လည်း အန္တိအုတ်​မြို့​၌​နေ​လျက် အခြား​သော​သူ​များစွာ​တို့​နှင့်အတူ သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​၍​သွန်သင်​ကြ​၏။


ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။


သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်


နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။


ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။


ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။


ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။


ထို​နေရာ​အနီး​တွင် ပုဗလိ​ဟု​အမည်​ရှိ​သော​ကျွန်း​သူကြီး​၏​မြေကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်ခံ​၍ သုံး​ရက်​တိုင်တိုင် ကောင်း​စွာ​ဧည့်ခံ​လေ​၏။


သို့သော် ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​တို့​ဖြင့် သတေဖန်​ပြောဆို​သော​အရာ​ကို သူ​တို့​သည် အတိုက်အခံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။


ပေတရု​နှင့်​ယောဟန်​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို သက်သေခံ​၍​ဟောပြော​ကြ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ရင်း ရှမာရိ​နယ်သား​တို့​၏​ကျေးရွာ​များစွာ​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ