ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
ဧသတာ 9:2 - မြန်မာ့စံမီသမ္မာကျမ်း အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။ Common Language Bible အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။- Garrad Bible အာ ရွှေ ရု မင်း ပိုင် ပြည် ထောင် တ ကာ အ တွင်း၊ မြို့ ရွာ တိုင်း ရှိ ယု ဒ လူ မျိုး တို့ သည်၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ ကို လက် ရောက် ပြု စေ ခြင်း ငှာ စု ရုံး ကြ ရာ၊ လူ အ မျိုး မျိုး ကြောက် ရွံ့ သ ဖြင့်၊ မည် သူ မျှ မ ခံ မ ရပ် နိုင် ချေ။ Judson Bible ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။ |
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။
ဘုရင့်စာ၊ ဘုရင့်အမိန့်ရောက်ရှိသော နယ်မြေဒေသအသီးသီးရှိ မြို့ရွာတိုင်းတွင် ဂျူးလူမျိုးတို့ ဝမ်းမြောက်ပျော်ရွှင်ကြပြီး နေ့ထူးနေ့မြတ်အဖြစ် စားသောက်ပွဲကျင်းပကြ၏။ ပြည်သားအမြောက်အမြားတို့သည် ဂျူးလူမျိုးတို့ကို ကြောက်ရွံ့သဖြင့် ဂျူးလူမျိုးအဖြစ် ခံယူကြ၏။
ဂျူးလူမျိုးတို့၏ရန်သူ၊ ဟမ္မေဒါသ၏သားဖြစ်သော ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သတ်ပစ်ကြ၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
အချင်းလူမျိုးတို့၊ ဆိုးသွမ်းကြ။ ပြိုကွဲကြ။ ဝေးလံသောပြည်အပေါင်းတို့၊ စူးစိုက်နားထောင်ကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။
သူတို့အား “ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်း၊ သင်တို့ကို ကျွန်မတို့ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြောင်း၊ ဤပြည်သားအပေါင်းတို့သည် သင်တို့ကြောင့် စိတ်အားလျော့လျက်ရှိကြောင်း ကျွန်မသိပါ၏။