ဧသတာ 8:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဘုရင့်စာ၊ ဘုရင့်အမိန့်ရောက်ရှိသော နယ်မြေဒေသအသီးသီးရှိ မြို့ရွာတိုင်းတွင် ဂျူးလူမျိုးတို့ ဝမ်းမြောက်ပျော်ရွှင်ကြပြီး နေ့ထူးနေ့မြတ်အဖြစ် စားသောက်ပွဲကျင်းပကြ၏။ ပြည်သားအမြောက်အမြားတို့သည် ဂျူးလူမျိုးတို့ကို ကြောက်ရွံ့သဖြင့် ဂျူးလူမျိုးအဖြစ် ခံယူကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ဘု ရင် မင်း ၏ ရာ ဇ သတ် အ မိန့် တော် ရောက် သ မျှ ပြည် ထောင် တ ကာ ရှိ မြို့ ရွာ တိုင်း၌၊ ယု ဒ လူ မျိုး တို့ သည်၊ အား ရ ဝမ်း မြောက် စွာ မင်္ဂ လာ နေ့၊ ပွဲ နေ့ ကို ကျင်း ပ ကြ၏။ ပြည် သူ ပြည် သား အ များ တို့ လည်း၊ ယု ဒ လူ မျိုး တို့ ကို ကြောက် ရွံ့ သော ကြောင့်၊ ယု ဒ ဘာ သာ သို့ ဝင် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံသောကြောင့် ယုဒဘာသာကိုဝင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။