Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 9:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 နယ်မြေဒေသ​အသီးသီး​ရှိ အကြီးအကဲ​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် ဘုရင့်​အမှုထမ်း​အပေါင်း​တို့​သည် မော်ဒကဲ​ကို​ကြောက်ရွံ့​ကြ​သဖြင့် ဂျူး​လူမျိုး​တို့​ကို ကူညီ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 နန်း တော် တွင် ကြီး မြင့် သော မော် ဒ ကဲ သည်၊ ပြည် ထောင် တ ကာ နှံ့ ကျော် စော ကိ တ္တိ ရှိ သည့် တိုင် အောင် အ စဉ် တိုး တက် သည့် အ တိုင်း၊ မော် ဒ ကဲ ကို ကြောက် ရွံ့ သည် ဖြစ်၍၊ ပြည် ထောင် တိုင်း ရှိ ဘု ရင် ခံ ချုပ်၊ ဘု ရင် ခံ၊ မှူး တော် မတ် တော်၊ အ မှု တော် ထမ်း တို့ သည်။ ယု ဒ လူ မျိုး တို့ ကို အား ပေး ကြ သည် နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:3
9 ပူးပေါင်းရင်းမြစ်များ  

ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား


ရှင်ဘုရင်​၏​အမိန့်စာ​ကို​လည်း ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပေးလိုက်​ရာ သူ​တို့​က​လည်း ဘုရားသခင်​၏​အိမ်​တော်​နှင့် လူမျိုး​တော်​ကို ကူညီ​ပံ့ပိုး​ပေး​ကြ​၏​။


ထိုအခါ ပထမ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​တွင် ဘုရင့်​စာရေးတော်ကြီး​များ​ကို ဆင့်ခေါ်​၍ ဟာမန်​ပြောကြား​သည့်​အတိုင်း အမိန့်စာ​ကို​ရေးသား​စေ​ပြီး အုပ်ချုပ်ရေး​အရာရှိ​မင်း​များ​၊ နယ်မြေဒေသ​အသီးသီး​ကို​အုပ်ချုပ်​သော​ဘုရင်ခံ​များ​နှင့် လူမျိုး​အသီးသီး​တို့​၏​အကြီးအကဲ​များ​ထံသို့ နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​ဖြင့် ပေးပို့​၏​။ ထို​စာ​ကို အာရွှေရု​မင်းကြီး​၏​နာမည်​တပ်​၍ ရှင်ဘုရင်​၏​တံဆိပ်တုံးလက်စွပ်​တော်​ဖြင့် ခတ်နှိပ်​လေ​၏​။


ဘုရင့်​စာ​၊ ဘုရင့်​အမိန့်​ရောက်ရှိ​သော နယ်မြေဒေသ​အသီးသီး​ရှိ မြို့ရွာ​တိုင်း​တွင် ဂျူး​လူမျိုး​တို့ ဝမ်းမြောက်​ပျော်ရွှင်​ကြ​ပြီး နေ့ထူးနေ့မြတ်​အဖြစ် စားသောက်ပွဲ​ကျင်းပ​ကြ​၏​။ ပြည်သား​အမြောက်အမြား​တို့​သည် ဂျူး​လူမျိုး​တို့​ကို ကြောက်ရွံ့​သဖြင့် ဂျူး​လူမျိုး​အဖြစ် ခံယူ​ကြ​၏​။


“​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​၍ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​လည်းကောင်း​၊ ဤ​အမှု​လျောက်ပတ်​သည်​ဟု​ထင်​၍ ကျွန်တော်မျိုးမ​ကို အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင်​လည်းကောင်း အရှင်မင်းကြီး​ပိုင်​နယ်မြေဒေသ​အသီးသီး​ရှိ​ဂျူး​လူမျိုး​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု အာဂတ်​လူမျိုး​၊ ဟမ္မေဒါသ​၏​သား​ဟာမန် မကောင်းကြံစည်​၍ ရေးသား​သည့်​အမိန့်စာ​ကို ပြန်လည်​ရုပ်သိမ်း​မည့်​အကြောင်း အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။


သိဝန်​ဟု​ခေါ်​သော တတိယ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် ရှင်ဘုရင်​၏​စာရေးတော်​များ​ကို ဆင့်ခေါ်​၍ အိန္ဒိယ​ပြည်​မှ အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​၌​ရှိ​သော ဂျူး​လူမျိုး​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် အကြီးအကဲ​များ​ထံသို့ အမိန့်စာ​ကို​ရေးသားပေးပို့​စေ​၏​။ ထို​စာ​ကို ဒေသ​အလိုက် သူ့​စာပေ​၊ လူမျိုး​အလိုက်​သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း​၊ ဂျူး​လူမျိုး​အတွက်​လည်း သူ့​စာပေ​၊ သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း မော်ဒကဲ​ပြောကြား​သမျှ​အတိုင်း ရေးသား​၏​။


မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​စုရုံး​၍ သူ​တည်​ထား​သော​ရုပ်တုကြီး​၏​အနုမောဒနာ​ပွဲ​သို့ လာရောက်​ကြ​ရန် ဆင့်ခေါ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ