Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဂျူး​လူမျိုး​တို့​၏​ရန်သူ​၊ ဟမ္မေဒါသ​၏​သား​ဖြစ်​သော ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သတ်ပစ်​ကြ​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:10
20 ပူးပေါင်းရင်းမြစ်များ  

‘​ငါ​သည် အာဗြံ​ကို​ချမ်းသာကြွယ်ဝ​စေ​ပြီ​’​ဟု မင်းကြီး​ဆိုစရာ​မ​ရှိ​စေရန် မင်းကြီး​ပိုင်ဆိုင်​သော​အရာ​အားလုံး​ထဲမှ အပ်ချည်​တစ်​မျှင်​၊ သည်းကြိုး​တစ်​ချောင်း​ကို​မျှ အကျွန်ုပ်​မ​ယူ​ပါ​။


ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​နှမ​ကို မြို့သား​တို့​ညစ်ညူး​စေ​သောကြောင့် အသတ်ခံရ​သော​သူ​တို့​ထံသို့​လာ​၍ သူ​တို့​၏​မြို့​ကို သိမ်းယူ​ကြ​၏​။


ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​ကို ချီးမြှင့်မြှောက်စား​လေ​၏​။ သူ​၌​ရှိ​သော​မှူးမတ်​အပေါင်း​တို့​ထက် ရာထူး​တိုးမြှင့်​ပေး​၏​။


ထို​စာ​ကို ခြေမြန်​တော်​များ​ဖြင့် ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​သို့ ပေးပို့​လိုက်​၏​။ ထို​စာ​တွင် အာဒါ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက် တစ်နေ့ချင်း​တွင် ဂျူး​လူမျိုး​လူကြီး​လူငယ်​၊ မိန်းမ​နှင့်​ကလေး​ပါ​မ​ကျန် အားလုံး​သုတ်သင်​သတ်ဖြတ်​ပြီး သူ​တို့​၏​စည်းစိမ်ဥစ္စာ​တို့​ကို​သိမ်းယူ​ရ​မည်​ဟု ပါရှိ​၏​။


ဟာမန်​က သူ​တို့​အား မိမိ​မည်မျှ ဓနဥစ္စာ​ဂုဏ်ရှိန်​ကြီး​ကြောင်း​၊ သားသမီး​များပြား​ကြောင်း​၊ ရှင်ဘုရင်​သည်​လည်း မိမိ​အား မည်မျှ​ချီးမြှင့်မြှောက်စား​ကြောင်း​၊ အခြား​မှူးမတ်​များ​နှင့် မင်းမှုထမ်း​များ​ထက် ရာထူး​တိုးမြှင့်​ပေး​ကြောင်း​တို့​ကို ဝါကြွား​ပြောဆို​လေ​၏​။


ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။


ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ​ကို ရန်ပြု​သော​ရန်သူ​ကား ဤ​လူ​ယုတ်မာ​ဟာမန်​ဖြစ်​ပါ​သည်​”​ဟု ဆို​လျှင် ဟာမန်​သည် ရှင်ဘုရင်​နှင့် မိဖုရား​ရှေ့​တွင် ကြောက်လန့်​တုန်လှုပ်​လေ​၏​။


ထို​စာ​တွင် ရှင်ဘုရင်​က မြို့ရွာ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် စုရုံး​၍ ကိုယ့်​အသက်​ကို​ကာကွယ်​ရန်​နှင့် ဂျူး​လူမျိုး​တို့​ကို​ရန်ပြု​သည့် မည်သည့်​လူမျိုး​၊ မည်သည့်​ဒေသ​မှ​စစ်သည်​တို့​ကို​မဆို သူ​တို့​နှင့် သူ​တို့​၏​မိန်းမ​များ​၊ သူ​တို့​၏​ကလေး​များ​ပါ​မ​ကျန် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ပစ်​၍ သူ​တို့​၏​ဥစ္စာပစ္စည်း​များ​ကို​လည်း သိမ်းယူ​ရန် ခွင့်ပြု​၏​။


ထို​နေ့​၌ ရှုရှန်​နန်းတော်​တွင် အသတ်​ခံရ​သော​သူ​များ​၏​စာရင်း​ကို ရှင်ဘုရင်​ထံ​တင်ပြ​ကြ​၏​။


ပါမရှာတ​၊ အရိသဲ​၊ အရိဒဲ​နှင့် ဝါယေဇာသ စသော


ကိုယ်တော်​သည် သူ​တို့​ထံမှ​ပေါက်ဖွား​လာ​သော သူ​တို့​ကို ကမ္ဘာမြေ​ပေါ်မှ​လည်းကောင်း​၊ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို လူသား​တို့​ထဲမှ​လည်းကောင်း ဖျက်ဆီး​တော်မူ​လိမ့်မည်​။


မောရှေ​က “​လက်​တစ်ဖက်​သည် ထာဝရဘုရား​၏​ပလ္လင်​တော်​အပေါ် ဆန့်ထား​လျက်​ရှိ​သည်​ဖြစ်၍ ထာဝရဘုရား​သည် အာမလက်​လူ​တို့​ကို မျိုးဆက်အဆက်ဆက် စစ်တိုက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


ရှင်ဘုရင်​သည် ဒံယေလ​အား စွပ်စွဲ​ခဲ့​သော​သူ​တို့​ကို ခေါ်ဆောင်​လာ​စေ​၍ ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ရန် အမိန့်ပေး​လေ​၏​။ ထို​သူ​တို့​ကို သားသမီး​၊ ဇနီး​များ​နှင့်တကွ ခြင်္သေ့​တွင်း​ထဲသို့​ပစ်ချ​လိုက်​ရာ တွင်း​အောက်ခြေ​မ​ရောက်​မီ​ပင် ခြင်္သေ့​တို့​သည် သူ​တို့​ကို ခုန်အုပ်​၍​အရိုး​ပါ​မ​ကျန် ချိုးဖဲ့ကိုက်စား​ကြ​လေ​၏​။


မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ