မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။
ဧသတာ 5:8 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။ Garrad Bible အ ထံ တော်၌ မျက် နှာ သာ ရ၍၊ ကျွန် မ တောင်း လျှောက် မည့် အ လို ဆ န္ဒ ကို သ ဘော တော် မြတ် ပါ မူ၊ နက် ဖြန် ကျွန် မ ယင် မည့် စား သောက် ပွဲ သို့၊ ဟာ မန် နှင့် အ တူ ကြွ တော် မူ ပါ ဦး။ အ မိန့် တော် မြတ် ရင်း အ တိုင်း၊ ကျွန် မ အ သ နား တော် ခံ ပါ မည် ဟု တင် လျှောက် လေ ၏။ Judson Bible ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။ |
မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။
တစ်ဖန် ဟာမန်က “ထိုမျှမက မိဖုရားဧသတာသည် သူတည်ခင်းသောစားသောက်ပွဲသို့ ရှင်ဘုရင်နှင့်အတူ ငါမှလွဲ၍ အခြားသူကို မဖိတ်ခေါ်ပါ။ နက်ဖြန်နေ့တွင်လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ခေါ်ထား၏။
ဤသို့ဖြင့် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရားဧသတာ၏စားသောက်ပွဲသို့ ရောက်လာကြ၏။
မိဖုရားဧသတာကလည်း “အို အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်၊ အရှင်မင်းကြီး စေတနာစိတ်ရှိမည်ဆိုလျှင် ကျွန်တော်မျိုးမ၏အသက်ကို ချမ်းသာပေးစေလိုပါ၏။ ကျွန်တော်မျိုးမ၏လူမျိုးတို့ အသက်ကိုလည်း ချမ်းသာပေးမည့်အကြောင်း တောင်းဆိုလိုပါ၏။
“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။