Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 5:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​နေ့​၌ ဟာမန်​သည် စိတ်နှလုံး​ဝမ်းမြောက်​ရွှင်မြူး​လျက် ပြန်လာ​၏​။ သို့သော် ဘုရင့်​နန်းတော်​တံခါး​သို့​ရောက်​လျှင် မော်ဒကဲ​သည် မတ်တတ်​မ​ရပ်​၊ သူ့​အား မ​ကြောက်ရွံ့ မ​ရိုသေ​သည်​ကို မြင်​သောအခါ ဟာမန်​သည် မော်ဒကဲ​အား ပြင်းစွာ​အမျက်ထွက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ည​စာ​စား​ပွဲ​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ဟာ​မန် သည်​ဝမ်း​မြောက်​ပျော်​ရွှင်​လျက်​နေ​၏။ သို့​ရာ တွင်​သူ​သည်​မော်​ဒ​ကဲ​ကို​နန်း​တော်​အ​ဝင်​ဝ တွင်​တွေ့​ရှိ​ရ​၍ မော်​ဒ​ကဲ​က​သူ့​အား​အ​ရို အ​သေ​မ​ပြု​သော​အ​ခါ​၌​မူ​ပြင်း​စွာ အ​မျက်​ထွက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဟာ မန် သည်၊ ထို နေ့ ဝမ်း မြောက် ရွှင် လန်း စွာ ထွက် သွား ရာ၊ နန်း တော် တံ ခါး ဝ တွင်၊ တုန် လှုပ် ခြင်း ကင်း လျက်၊ မ ထ ဘဲ နေ မြဲ နေ သော မော် ဒ ကဲ ကို မြင် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​နေ့၌ ဟာ​မန်​သည် ဝမ်း​မြောက်​ရွှင်​လန်း​သော စိတ်​နှင့် ထွက်​သွား​သော်​လည်း၊ နန်း​တော်​တံ​ခါး​ဝ​မှာ မော်​ဒ​ကဲ​သည် ရို​သေ​စွာ​မ​ထ၊ အ​လျှင်း​မ​လှုပ်​ဘဲ​နေ​သည်​ကို မြင်​သော​အ​ခါ၊ မော်​ဒ​ကဲ​ကို အ​လွန်​အ​မျက်​ထွက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 5:9
19 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။


မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​သည်​”​ဟု ပြန်ဖြေ​၏​။


အပျိုကညာ​များ​ကို ဒုတိယအသုတ်​ခေါ်ဆောင်​လာ​ချိန်​တွင် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​၏​။


ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​အပေါင်း​တို့​သည် ဘုရင့်​အမိန့်​တော်​အတိုင်း ဟာမန်​ကို​ညွတ်တွား​ခယ​ကြ​၏​။ သို့သော် မော်ဒကဲ​သည် ဟာမန်​ကို​မ​ညွတ်တွား မ​ခယ​ပေ​။


ဟာမန်​သည် မိမိ​အား မော်ဒကဲ မ​ညွတ်တွား မ​ခယ​ကြောင်း​ကို သိရှိ​သောအခါ အမျက်ဒေါသ​ပြင်း​စွာ​ထွက်​လေ​၏​။


သို့သော် ဘုရင့်​နန်းတော်​တံခါး​တွင် ဂျူး​လူမျိုး​မော်ဒကဲ​ထိုင်​နေ​သည်​ကို ငါ​မြင်​နေ​ရ​သရွေ့ ဤ​အရာ​အားလုံး​သည် ငါ့​အတွက် ဘာမျှ​အကျိုး​မ​ရှိ​”​ဟု ဆို​လေ​၏​။


ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


ငါ့​တဲ​၌​နေ​သော​သူ​တို့​က ‘​သူ​ကျွေး​သော​အသား​ကို ဝလင်​စွာ​မ​စား​ရ​သော​သူ ရှိ​သလော’​ဟု ဆို​လေ့​ရှိ​သည်​မ​ဟုတ်​လော​။


ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊


တပ်​တစ်​တပ်​သည် ငါ့​တစ်ဖက်​၌​စခန်းချ​ထား​လျှင်လည်း ငါ့​စိတ်နှလုံး​သည်​ကြောက်​လိမ့်မည်​မ​ဟုတ်​။ ငါ့​ကို​တိုက်ခိုက်​သည့်​စစ်ပွဲ​ဖြစ်ပွား​လျှင်လည်း ထို​စစ်ပွဲ​တွင် ငါ​ရဲရင့်တည်ကြည်​လိမ့်မည်​။


ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အမျက်​ပြင်းစွာ​ထွက်​၍ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ခေါ်ဆောင်​လာ​ရန် အမိန့်ပေး​၏​။ ဘုရင့်​ရှေ့မှောက်​သို့ သူ​တို့ ရောက်လာ​သောအခါ


ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။


ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။


ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် ငိုကြွေး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ ဤ​လောက​မူကား ဝမ်းမြောက်​လိမ့်မည်။ သင်​တို့​သည် ဝမ်းနည်း​ကြ​သော်လည်း သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​သွား​လိမ့်မည်။


သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို ကြား​ကြ​သောအခါ သူ​တို့​၏​စိတ်​ထဲတွင် သတေဖန်​အပေါ် ပြင်းစွာ​အမျက်ထွက်​၍ အံကြိတ်​ကြ​၏။


စိတ်​ညှိုးငယ်​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငိုကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်မော​ခြင်း​ကို ဝမ်းနည်း​ကြေကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ကို ဝမ်းနည်း​ပူဆွေး​ခြင်း​ဖြစ်စေ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ