Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 1:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မိဖုရား​ဝါရှတိ​သည်​လည်း အာရွှေရု​မင်းကြီး​၏​တော်ဝင်​နန်းတွင်း​တွင် မောင်းမမိဿံ​များ​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 မိ ဖု ရား ဝါ ရှ တိ လည်း၊ အာ ရွှေ ရု မင်း နန်း တွင်း ရှိ မိန်း မ တို့ အ ဖို့ စား သောက် ပွဲ သ ဘင် ယင် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မိ​ဖု​ရား​ဝါ​ရှ​တိ​သည်​လည်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု နန်း​တော်​သား မိန်း​မ​တို့​အ​ဖို့ ပွဲ​လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:9
5 ပူးပေါင်းရင်းမြစ်များ  

အာရွှေရု​မင်းကြီး​စိုးစံ​ချိန် အစောပိုင်း​တွင် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား စွပ်စွဲ​သော​တိုင်စာ​ကို ရေးပို့​ကြ​၏​။


ခုနစ်​ရက်​မြောက်​သော​နေ့​တွင် အာရွှေရု​မင်းကြီး​သည် စပျစ်ဝိုင်​အရှိန်​ကြောင့် စိတ်မြူး​လာ​ပြီး မိမိ​ရှေ့​တော်​၌​ခစား​သော မိန်းမစိုး​ခုနစ်​ဦး​ဖြစ်​ကြ​သည့် မဟုမန်​၊ ဗိဇသ​၊ ဟာဗောန​၊ ဗိဂသ​၊ အဗာဂသ​၊ ဇေသာ​နှင့် ကာကက် တို့​ကို​ခေါ်​၍


လူတိုင်း စပျစ်ဝိုင်​ကို စိတ်တိုင်းကျ​သောက်​ခွင့်​ပြု​ရန် နန်းတော်​အရာရှိ​အပေါင်း​တို့​အား မှာကြား​ထား​သည်​ဖြစ်​၍ ထို​အမိန့်​တော်​အတိုင်း လွတ်လွတ်လပ်လပ် သောက်​ရ​ကြ​၏​။


ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် အရှင်မင်းကြီး​အတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ဟာမန်​နှင့်အတူ ကြွရောက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။


အရှင်မင်းကြီး​သည် ကျွန်တော်မျိုးမ​ကို မျက်နှာသာပေး​၍ ကျွန်တော်မျိုးမ တောင်းဆို​သော​အရာ​ကို အရှင်မင်းကြီး​ပေးသနား​လို​သော​စေတနာစိတ်​ရှိ​လျှင် ကျွန်တော်မျိုးမ ပြင်ဆင်​မည့်​စားသောက်ပွဲ​သို့ အရှင်မင်းကြီး​နှင့်​ဟာမန်​တို့ နောက်တစ်ဖန်​ကြွရောက်​တော်မူ​ပါ​။ အရှင်မင်းကြီး​မိန့်ဆို​သော​အရာ​ကို​လည်း နက်ဖြန်နေ့​တွင် ဖြေကြား​ပါ​မည်​”​ဟု ပြန်လျှောက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ