ဧသတာ 7:3 - မြန်မာ့စံမီသမ္မာကျမ်း3 မိဖုရားဧသတာကလည်း “အို အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်၊ အရှင်မင်းကြီး စေတနာစိတ်ရှိမည်ဆိုလျှင် ကျွန်တော်မျိုးမ၏အသက်ကို ချမ်းသာပေးစေလိုပါ၏။ ကျွန်တော်မျိုးမ၏လူမျိုးတို့ အသက်ကိုလည်း ချမ်းသာပေးမည့်အကြောင်း တောင်းဆိုလိုပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 မိဖုရားဧသတာက``အရှင်မင်းကြီးကျွန် တော်မသည်စိတ်တော်နှင့်တွေ့၍တောင်းလျှောက် သည်ကိုပေးတော်မူမည်ဆိုပါလျှင် ကျွန်တော် မ၏အသက်နှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့၏အသက်ကိုချမ်းသာပေးတော် မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible3 မိ ဖု ရား ဧ သ တာ က၊ အို ဘု ရင် မင်း မြတ်၊ ကျွန် မ သည် မျက် နှာ သာ ရ၍၊ သ ဘော တော် မြတ် ပါ မူ၊ ကျွန် မ တောင်း လျှောက် သည့် အ တိုင်း၊ အ သက် ချမ်း သာ ကို လည်း ကောင်း၊ အ လို ဆ န္ဒ အ တိုင်း၊ အ မျိုး သား ချင်း တို့ ကိုလည်း ကောင်း ပေး သ နား တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible3 မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကလည်း နောက်တစ်ဖန် တတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ ထိုတတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူး ရောက်လာလျှင် ဧလိယရှေ့တွင် ဒူးထောက်လျက် “အို ဘုရားသခင်၏လူ၊ အကျွန်ုပ်အသက်နှင့် အရှင့်အစေအပါး ဤတပ်သားငါးဆယ်တို့၏အသက်ကို နှမြောတော်မူပါ။
ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။