အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 1:1 - မြန်မာ့စံမီသမ္မာကျမ်း အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။ Common Language Bible ဇေရဇ်မင်းသည်ပေရသိပြည်ရှုရှန်မြို့တော် ရာဇပလ္လင်ထက်နန်းစံ၍အိန္ဒိယပြည်မှသည် ဆူဒန်ပြည်တိုင်အောင် တစ်ရာနှစ်ဆယ့်ခုနစ် ပြည်နယ်တို့ကိုအုပ်စိုးတော်မူ၏။ Garrad Bible အိ န္ဒိ ယ ပြည် မှ စ၍ ကု ရှ ပြည် တိုင် အောင်၊ တစ် ရာ့ နှစ် ဆယ့် ခု နစ် ပြည် ထောင် ကို အုပ် စိုး ရ သော ဘု ရင် အာ ရွှေ ရု မင်း သည်။ ရှု ရှန် နန်း မြို့ တော် ရာ ဇ ပ လ္လင် ထက် နန်း စံ သုံး နှစ် တွင်၊ Judson Bible အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင်အာရွှေရုသည်၊ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ထို့နောက် အာရွှေရုမင်းကြီးသည် ပြည်တော်တစ်ခွင် ပင်လယ်ကမ်းရိုးတန်းဒေသများပါမကျန် အခွန်စည်းကြပ်လေ၏။
ရုပ်ဆင်းသွင်ပြင်ချောမောသော အပျိုကညာအားလုံးကို ရှုရှန်နန်းတော်ရှိ အပျိုတော်နန်းဆောင်သို့ ပို့စေရန် အရှင်မင်းကြီး၏တိုင်းနိုင်ငံရှိ နယ်မြေဒေသအသီးသီးတွင် ကြီးကြပ်သူများကိုခန့်ထားတော်မူပါ။ ဘုရင့်နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲလက်သို့အပ်၍ အလှပြင်စေပါ။
သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။
မော်ဒကဲသည် အာရွှေရုမင်းကြီးပိုင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ မေတ္တာစကားနှင့် သစ္စာစကားဖြင့် စာပေးပို့လိုက်၏။
အီသီယိုးပီးယားမြစ်များတစ်ဖက်ရှိ တောင်ပံသံတဝီဝီမြည်သောပြည်သည် အမင်္ဂလာရှိ၏။
“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။