ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
ဧဖက် 2:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။ Common Language Bible ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။ Garrad Bible ရှေး မ ဆွ က ဘု ရား သ ခင် စီ မံ ထား တော် မူ သည့် ကောင်း မှု များ ကို ငါ တို့ သည် လိုက် လျှောက် ကျင့် ဆောင် စေ ရန် ခ ရစ် တော် ယေ ရှု အား ဖြင့် ဖန် ဆင်း ပြု ပြင် တော် မူ သူ များ ဖြစ် ကြ၏။ Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။ |
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
ထိုသူတို့သည် မတရားမှုကိုမပြု၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။
ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
ငါ့လူမျိုးတော်သည် ငါ့စကားကိုနားထောင်၍ အစ္စရေးလူမျိုးသည် ငါ၏လမ်းအတိုင်းလျှောက်လှမ်းခဲ့လျှင်
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
ငါပြုသောအမှုကြောင့် သူ့သားသမီးတို့သည် သူနှင့်အတူရှိနေသည်ကို မြင်သောအခါ ငါ့နာမကိုသန့်ရှင်းစေလိမ့်မည်။ ယာကုပ်၏သန့်ရှင်းသောအရှင်ကို ရိုသေ၍ အစ္စရေးတို့၏ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
ငါ၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားဖို့ရန် လူမျိုးတော်ကို ငါပုံဖော်ဖန်ဆင်းခဲ့၏။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
အို ယာကုပ်အမျိုး၊ ဤအရာတို့ကို သတိရလော့။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါပုံဖော်ဖန်ဆင်းသည်ဖြစ်၍ သင်သည် ငါ၏အစေအပါးဖြစ်၏။ အို အစ္စရေးလူမျိုး၊ သင့်ကို ငါမေ့လျော့မည်မဟုတ်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
ဤအမှုအရာအတွက် ငါတို့ကိုပြင်ဆင်ပေးတော်မူသောအရှင်ကား ဝိညာဉ်တော်ကို စရန်အဖြစ် ငါတို့အားပေးတော်မူသော ဘုရားသခင်ပေတည်း။
သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။
အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် ခရစ်တော်ယေရှု၌သစ္စာရှိသည့် ဧဖက်မြို့တွင်နေကြသောသန့်ရှင်းသူများထံသို့ စာရေးလိုက်ပါ၏။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။
စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
ထို့နောက် ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ကိုယ်တော်နှင့်အတူထမြောက်စေ၍ အထက်ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူထိုင်စေတော်မူ၏။
ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။
သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။
သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။
ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။
ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍
သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
အရာရာ၌ ကောင်းသောလုပ်ဆောင်မှု၏စံနမူနာကို သင်ကိုယ်တိုင်ပြသလော့။ ဩဝါဒပေးရာတွင် သမာဓိနှင့်တည်ကြည်လေးနက်ခြင်းရှိလျက်
အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း၊
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။
ထို့ပြင် မေတ္တာထားရန်နှင့် ကောင်းသောအမှုကိုပြုရန် အချင်းချင်းမည်ကဲ့သို့တိုက်တွန်းနှိုးဆော်ရမည်ကို ဆင်ခြင်ကြကုန်စို့။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ဘုရားသခင်၌ ငါတည်၏ဟုဆိုသောသူသည် ခရစ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။