၂ သက် 2:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible17 သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible17 သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။