Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 100:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။ ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထာ ဝ ရ ဘု ရား သည် ဘု ရား သ ခင် မှန် တော် မူ ကြောင်း သိ မှတ် ကြ လော့။ ဖန် ဆင်း တော် မူ သည့် အ လျောက်၊ ငါ တို့ သည် ကိုယ် တော် ပိုင်၊ ကိုယ် တော့် လူ မျိုး၊ စား ကျက် တော် ရှိ သိုး စု ဖြစ် ကြ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ၍၊ ငါ​တို့၏​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ အ​ထံ​တော်၌ ကျက်​စား​သော သိုး​စု​လည်း​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 100:3
44 ပူးပေါင်းရင်းမြစ်များ  

အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။


ဆိုးယုတ်​သော​သူ​၏​အကြံဉာဏ်​ကို လက်ခံ​၍ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ဖန်ဆင်း​တော်မူ​သော​သူ​ကို နှိပ်စက်​ပြီး စွန့်ပစ်​ထား​သော​အမှု​ကို ကိုယ်တော်​အလိုရှိ​တော်မူ​ပါ​သလော​။


ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။


သူ​တို့​က “​ငါ​တို့​သည် ငါ​တို့​၏​စကား​ဖြင့်​အောင်နိုင်​မည်​။ ငါ​တို့​နှုတ်​ကို ငါ​တို့​ပိုင်​၏​။ ငါ​တို့​၏​သခင်​ကား အဘယ်သူ​ဖြစ်​မည်နည်း​”​ဟု ပြောဆို​တတ်​ကြ​ပါ​၏​။


အစ္စရေး​လူမျိုး​သည် မိမိ​ကို​ဖန်ဆင်း​သော​အရှင်​၌ ဝမ်းမြောက်​ပါစေ​။ ဇိအုန်​သားသမီး​တို့​သည် မိမိ​တို့​၏​ရှင်ဘုရင်​၌ ရွှင်လန်း​ကြ​ပါစေ​။


“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”


သို့သော် ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို သိုး​များ​ကဲ့သို့​ထုတ်ဆောင်​ပြီး တောကန္တာရ​ထဲ၌ သူ​တို့​ကို သိုးအုပ်​ကဲ့သို့ ပို့ဆောင်​တော်မူ​၏​။


ထိုအခါ ကိုယ်တော်​၏​လူမျိုး​တော်​နှင့် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​ဖြစ်​သော အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ချီးမွမ်း​၍ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို မျိုးဆက်​အစဉ်အဆက်​ပြောကြား​ကြ​ပါ​မည်​။


အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ဘုရား​ရှိသမျှ​တို့​ထက်​ကြီးမြတ်​တော်မူ​သော ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။


ငါ​သည် သင်​တို့​ကို ငါ​၏​လူမျိုး​တော်​အဖြစ်​သိမ်းယူ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို​ဆွဲထုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​။


သင်​၏​အသက်​ပျိုရွယ်​သော​နေ့ရက်​များ​၌ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို အောက်မေ့​လော့​။ ဘေးဒုက္ခခံရာ​နေ့ရက်​များ​ရောက်လာ​သဖြင့် “​ငါ​၌​မည်သည့်​ပျော်ရွှင်မှု​မျှ​မ​ရှိ​”​ဟု သင်​ပြောဆို​သော​နှစ်ကာလ​များ​မ​ကျရောက်​မီ​၊


ထိုအခါ ကိုယ်တော်​သည် မောရှေ​နှင့်​လူမျိုး​တော်​တို့​ခေတ်​မှ​အချိန်​ကာလ​ကို အောက်မေ့​တော်မူ​၏​။ သိုးစု​ကို သိုးထိန်း​တို့​နှင့်အတူ ပင်လယ်​ထဲမှ​ခေါ်ဆောင်​လာ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​အလယ်​၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ချပေး​သော​သူ​ကား အဘယ်မှာ​နည်း​။


အကျွန်ုပ်​တို့​သည် ရှေးကာလ​ကပင် ကိုယ်တော်​မ​အုပ်စိုး​သော​သူ​များ​၊ ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​မ​ခံရ​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။


ထာဝရဘုရား​မူကား စစ်မှန်​သော​ဘုရား​ဖြစ်​၏​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရား​၊ ထာဝရ​ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်ထွက်​တော်မူ​လျှင် မြေကြီး​တုန်ခါ​ပါ​၏​။ လူမျိုး​အပေါင်း​တို့​သည် အမျက်​တော်​ကို မ​ခံနိုင်​ကြ​ပါ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​မည်​။


ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ”​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။


အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။


အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။


အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ကြောင်း သင်​တို့​သိမြင်​ရန် ဤ​အမှု​တို့​ကို သင်​တို့​အား​ပြသ​တော်မူ​ခြင်း​ဖြစ်​၏​။


ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။


သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊


သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။


ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ