ကိုယ်တော့်အကြောင်းကို နားဖြင့်သာကြားဖူးခဲ့သော်လည်း ယခုမှာ အကျွန်ုပ်သည် ကိုယ်တော့်ကို မျက်မြင်ကိုယ်တွေ့ဖူးမြင်ရပါပြီ။
ဧဖက် 1:18 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ Common Language Bible ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊- Judson Bible ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။ |
ကိုယ်တော့်အကြောင်းကို နားဖြင့်သာကြားဖူးခဲ့သော်လည်း ယခုမှာ အကျွန်ုပ်သည် ကိုယ်တော့်ကို မျက်မြင်ကိုယ်တွေ့ဖူးမြင်ရပါပြီ။
ကိုယ်တော်၏တရားတော်ထဲမှ အံ့ဖွယ်သောအမှုတို့ကိုမြင်နိုင်ရန် အကျွန်ုပ်၏မျက်စိကို ဖွင့်ပေးတော်မူပါ။
ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
မျက်စိမြင်သောသူတို့သည် အမှောင်ကျတော့မည်မဟုတ်။ နားကြားသောသူတို့သည် အာရုံစိုက်နားထောင်ကြလိမ့်မည်။
သင်သည် မျက်မမြင်တို့အား မျက်စိမြင်စေမည်။ အကျဉ်းသားတို့ကို အကျဉ်းထောင်ထဲမှလည်းကောင်း၊ ထောင်အမှောင်ခန်းထဲ၌ ထိုင်နေသောသူတို့ကိုလည်းကောင်း လွတ်မြောက်စေမည်။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကိုရရှိမည်ဟူသည့်မျှော်လင့်ခြင်းကို ဝိညာဉ်တော်၌အမှီပြုလျက် စောင့်မျှော်နေကြ၏။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။
ဘုရားသခင်သည် မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုနှင့်အညီ မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့ကိုခေါ်ယူတော်မူသောအခါ တစ်ပါးတည်းသောမျှော်လင့်ခြင်းသို့ ခေါ်ယူတော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။
ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏။
သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။
မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
ငါတို့၏သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ကောင်းမြတ်သောမျှော်လင့်ခြင်းတို့ကိုပေးတော်မူသော ငါတို့အဖဘုရားသခင်သည်
ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်ပွဲကိုတိုက်၍ ထာဝရအသက်ကို ရယူပိုင်ဆိုင်လော့။ သင်သည် ထိုအသက်အတွက် ခေါ်ယူတော်မူခြင်းကိုခံရ၍ များစွာသောသက်သေတို့ရှေ့တွင် ကောင်းသောဝန်ခံချက်ကိုပေးလေပြီ။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။
သင်တို့သည် အလင်းသို့ရောက်ပြီးသည့်နောက် ဒုက္ခဝေဒနာကိုခံစားလျက် ပြင်းထန်သောတိုက်ခိုက်မှုကိုသည်းခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
အလင်းသို့တစ်ခါရောက်၍ ကောင်းကင်နှင့်ဆိုင်သောကောင်းချီးလက်ဆောင်ကို မြည်းစမ်းရလျက် သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်သူဖြစ်လာကာ
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။