Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ခ​ရစ်​တော်​နှင့် ကင်း​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ​မျိုး ခြား​များ​ဖြစ်​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ သော​လူ​စု​တော်​တွင်​ပါ​ဝင်​ခွင့်​မ​ရ​ကြ။ မိ​မိ​၏ လူ​စု​တော်​အား ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​များ​ပေါ်​တွင်​အ​ခြေ​ပြု​သည့်​ပ​ဋိ ညာဉ်​တ​ရား​နှင့်​မ​သက်​ဆိုင်​ကြ။ ဤ​လော​က တွင်​မျှော်​လင့်​ရာ​မဲ့​ဘု​ရား​မဲ့​ခဲ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ယ မန် ကာ လ ခ ရစ် တော် နှင့် ကွာ လျက်၊ ဣ သ ရေ လ အ ဖြစ် အ နေ နှင့် စိမ်း ကား လျက်၊ ဤ လော က တွင် မျှော် လင့် ခြင်း ကင်း လျက်၊ ဘု ရား မဲ့ လျက်၊ က တိ ထား တော် မူ သော ပ ဋိ ညာဉ် နှင့် စပ် လျဉ်း၍ နိုင် ငံ ခြား သား များ ဖြစ် ခဲ့ ကြ သည် ကို သ တိ ရ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 တစ်ချိန်က သင်တို့​သည် ခရစ်တော်​နှင့် ကင်းကွာခဲ့ကြ​၍ အစ္စရေး​လူမျိုး​တွင် ပါဝင်ခွင့် မရ၊ ကတိတော်​နှင့်​ဆိုင်သော ပဋိညာဉ်များ​နှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤ​လောက​တွင် ဘုရားသခင်​ကို မသိဘဲ နေခဲ့ကြသည်​ကို သတိရကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 2:12
51 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌ ထာဝရဘုရား​က အာဗြံ​အား “​အီဂျစ်​မြစ်​မှစ၍ ယူဖရေးတီး​မြစ်​ကြီး​တိုင်အောင် ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၏​။


အစ္စရေး​လူမျိုး​တို့​တွင် ကာလ​ကြာမြင့်​စွာ​စစ်မှန်​သော​ဘုရား​မ​ရှိ​၊ သွန်သင်​ပေး​မည့်​ယဇ်ပုရောဟိတ်​မ​ရှိ​၊ ပညတ်တရား​လည်း​မ​ရှိ​။


ထိုအခါ ဇေရုဗဗေလ​၊ ယေရွှာ​နှင့် အစ္စရေး​အိမ်ထောင်စု​အကြီးအမှူး​တို့​က “​ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို တည်ဆောက်​ခြင်း​အမှု​သည် သင်​တို့​နှင့်​မ​ဆိုင်​၊ ငါ​တို့​နှင့်​သာ ဆိုင်​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ငါ​တို့​သာလျှင် တည်ဆောက်​ရ​မည်​”​ဟု ပြန်ပြော​၏​။


မည်သည့်​ဧည့်သည်​၊ မည်သည့်​သူရင်းငှား​မျှ မ​စား​ရ​။


အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို​သနား​တော်မူ​မည်​။ အစ္စရေး​လူမျိုး​ကို နောက်တစ်ဖန်​ရွေးချယ်​တော်မူ​မည်​။ သူ​တို့​ပြည်​၌ သူ​တို့​ကို​နေရာချ​တော်မူ​မည်​။ တိုင်းတစ်ပါးသား​တို့​သည် သူ​တို့​နှင့်​ပူးပေါင်း​မည်​။ ယာကုပ်​အမျိုး​နှင့် ပေါင်းဖော်​ကြ​မည်​။


အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။


လူမျိုး​အပေါင်း​တို့​လက်​မှ ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၊ စုရုံး​၍ လာ​ကြ​လော့​။ အတူတကွ ချဉ်းကပ်​ကြ​လော့​။ သစ်သား​ရုပ်တုဆင်းတု​ကို ဆောင်​ထား​သော​သူ​၊ မ​ကယ်တင်​နိုင်​သော​ဘုရား​ထံ ဆုတောင်း​သော​သူ​တို့​သည် အသိဉာဏ်​မ​ရှိ​။


သူစိမ်း​တို့​သည် သင်​တို့​ကို ခစား​၍ သင်​တို့​သိုးစု​များ​ကို ထိန်းကျောင်း​ကြ​လိမ့်မည်​။ တိုင်းတစ်ပါးသား​တို့​သည် သင်​တို့​၏​လယ်လုပ်သား​များ​၊ စပျစ်ခြံလုပ်သား​များ​ဖြစ်​ကြ​လိမ့်မည်​။


အို အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ကယ်တင်​ရာ​ဖြစ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​တို့​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့​ဖြစ်​ရ​သနည်း​၊ အဘယ်ကြောင့် တစ်ညသာ​လာရောက်​တည်းခို​သွား​သော ခရီးသွား​ဧည့်သည်​ကဲ့သို့​ဖြစ်​ရ​သနည်း​။


အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​ဖြစ်​တော်မူ​သော​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စွန့်ပယ်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ ကိုယ်တော့်​ထံမှ​ထွက်သွား​သော​သူ​တို့​သည် အသက်စမ်းရေ​ဖြစ်​သည့်​ထာဝရဘုရား​ကို စွန့်ပယ်​ကြ​သောကြောင့် မြေ​ပေါ်၌​သာ စာရင်းဝင်​ကြ​လိမ့်မည်​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မဟုတ်မမှန်​သော​နိမိတ်​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​သော ပရောဖက်​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​အစုအဝေး​ထဲတွင် မ​နေ​ရ​။ အစ္စရေး​အမျိုးအနွယ်​စာရင်း​တွင် သူ​တို့​မ​ပါဝင်​ရ​။ အစ္စရေး​ပြည်​သို့ ပြန်လာ​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ငါ​သည် သူ​တို့​နှင့် ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို​ဖွဲ့​၍ ထို​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​ဖြစ်​မည်​။ သူ​တို့​ကို နေရာချ​ထား​မည်​။ သူ​တို့​ကို တိုးပွား​စေ​မည်​။ ငါ​၏​သန့်ရှင်းရာဌာန​ကို သူ​တို့​အလယ်​တွင် အစဉ်​တည်​စေ​မည်​။


ထို​မြေ​ကို အမွေမြေ​အဖြစ် သင်​တို့​ခွဲဝေယူ​ရ​မည်​။ သင်​တို့​နှင့်အတူ​နေထိုင်ရင်း သားသမီး​ရလာ​ကြ​သော တိုင်းတစ်ပါးသား​တို့​ကို​လည်း ခွဲဝေ​ပေး​ရ​မည်​။ သူ​တို့​ကို အစ္စရေး​အမျိုးအနွယ်​တို့​၏​အမျိုးသားချင်း​ကဲ့သို့ သဘောထား​ရ​မည်​။ အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ အမွေမြေ​ခွဲဝေ​ပေး​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။


ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့​ပေးလှူပူဇော်​သည့် သန့်ရှင်း​သော​အလှူပစ္စည်း​ရှိသမျှ​တို့​ကို အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ် သင်​နှင့် သင်​၏​သား​သမီး​တို့​အား ငါ​ပေး​၏​။ ထို​ဝေစု​သည် ထာဝရဘုရား​ရှေ့​တော်​၌ သင်​နှင့် သင်​၏​သားစဉ်မြေးဆက်​တို့​အတွက် ထာဝရ​ဆား​ပဋိညာဉ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။


ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။


ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။


ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။


အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။


ဤ​အကြောင်း​ကြောင့် အကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ စကား​ပြော​ရန် သင်​တို့​ကို​ဖိတ်ခေါ်​ခြင်း​ဖြစ်​သည်။ အမှန်စင်စစ် အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​မျှော်လင့်​ခြင်း​အကြောင်း​ကြောင့် ဤ​သံကြိုး​ဖြင့် ချည်နှောင်​ထား​ခြင်း​ခံရ​သည်”​ဟု ဆို​လေ​၏။


သင်​တို့​သည် ပရောဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာမက ဘုရားသခင်​သည် အာဗြဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူမျိုးစု​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​လျက် သင်​တို့​၏​ဘိုးဘေး​များ​နှင့်​ပြု​ခဲ့​သော ပဋိညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။


ဆိုလို​သည်​ကား သွေးသား​နှင့်ဆိုင်သော​သားသမီး​များ​သည် ဘုရားသခင်​၏​သားသမီး​များ​မ​ဟုတ်​ဘဲ ကတိ​တော်​နှင့်ဆိုင်သော​သားသမီး​များ​သာလျှင် အမျိုးအနွယ်​အဖြစ်​သတ်မှတ်​ခြင်း​ခံရ​၏။


သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။


ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။


ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။


ထို​ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​သိုမှီး​ထား​သော မျှော်လင့်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​၍ ထို​မျှော်လင့်​ခြင်း​အကြောင်း​ကို သင်​တို့​ထံသို့​ရောက်လာ​သည့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော သမ္မာတရား​၏​နှုတ်ကပတ်တော်​၌ သင်​တို့​ကြား​ခဲ့​ရ​ကြ​ပြီ။


ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။


ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်


ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည်


ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်


မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။


ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။


သို့သော် ယခု​အခါ ကိုယ်တော်​သည် သာ၍​မြတ်​သော​ကတိ​တော်​များ​အပေါ်​အခြေခံ​ထား​သည့် သာ၍​မြတ်​သော​ပဋိညာဉ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​သည်​နှင့်အညီ သာ၍​ထူးမြတ်​သော​အမှု​တော်​ကို​ရရှိ​တော်မူ​၏။


ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊


သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။


ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ