Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:8
25 ပူးပေါင်းရင်းမြစ်များ  

အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရားသခင်​ကို ထပ်၍​ချီးမွမ်း​မည်​။


အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို ထပ်၍​ချီးမွမ်း​မည်​။


အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့် မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို​မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရားသခင်​ကို ထပ်၍​ချီးမွမ်း​မည်​။


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​ရင်အုပ်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​တော်မူ​၏​။ ခေါင်း​ပေါ်၌ ကယ်တင်​ခြင်း​သံခမောက်​ကို ဆောင်း​တော်မူ​၏​။ လက်စားချေ​ခြင်း​ဝတ်ရုံ​ကို​ဝတ်ဆင်​၍ စိတ်အားထက်သန်​ခြင်း​ဝတ်လုံ​ကို လွှမ်းခြုံ​တော်မူ​၏​။


ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ငြိမ်ဝပ်​စွာ​မျှော်လင့်စောင့်စား​သော​သူ​သည် ကောင်းကျိုး​ကို ခံစား​ရ​၏​။


ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။


သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊


အကြောင်းမူကား ငါ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​ခြင်း​ကို​ရရှိ​မည်​ဟူ​သည့်​မျှော်လင့်​ခြင်း​ကို ဝိညာဉ်​တော်​၌​အမှီပြု​လျက် စောင့်မျှော်​နေ​ကြ​၏။


သင်​တို့​သည် မာရ်နတ်​၏​လျှို့ဝှက်​သော​အကြံအစည်​များ​ကို ခုခံ​တားဆီး​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​လော့။


အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်သက်​ခြင်း၊ ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီအစ်ကို​တို့​၌ တည်ရှိ​ပါစေသော။


အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။


ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည်


ထို​မျှော်လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​အတွက် ခိုင်ခံ့​မြဲမြံ​သော​ကျောက်ဆူး​ကဲ့သို့ ငါ​တို့​၌​ရှိ​၍ ဗိမာန်​တော်​ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ဝင်​ရောက်​၏။


သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ