အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
ဧဇရ 9:9 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။ Common Language Bible အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။ Garrad Bible အ ကျွန်ုပ် တို့ သည် ကျွန် ဖြစ် ကြ ပါ သော် လည်း၊ ကျွန် ခံ လျက် နေ ရ စဉ် ပင်၊ အ ကျွန်ုပ် တို့ ဘု ရား သ ခင် စွန့် တော် မ မူ ဘဲ၊ ကိုယ် တော် ၏ ဗိ မာန် တော် ကို တည် ဆောက် ခြင်း၊ ပျက် စီး ရာ ကို ထေး ဖာ ခြင်း၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ ကို ပြန် တည် ခြင်း သာ ယာ ခွင့် အ မျိုး မျိုး ကို ပေး စိမ့် သော ငှာ၊ ပေ ရ သိ ဘု ရင့် ရှေ့၊ မျက် နှာ သာ ရ စေ တော် မူ ပါ ၏။ Judson Bible အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှာလည်းကောင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှာလည်းကောင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။ |
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
ထိုမင်းနန်းစံ သတ္တမနှစ်၊ ပဉ္စမလတွင် ဧဇရသည် ဂျေရုဆလင်မြို့သို့ ပြန်ရောက်လာ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤသို့ဖြစ်ပျက်ပြီးမှ ယခု အကျွန်ုပ်တို့ မည်သို့လျှောက်ရပါမည်နည်း။ အကျွန်ုပ်တို့သည် ပညတ်တော်ကို စွန့်ပယ်ကြပါပြီ။
ထို့နောက်မှ ငါက “ငါတို့ခံရသောဒုက္ခကို သင်တို့တွေ့ပြီလော။ ဂျေရုဆလင်မြို့လည်း ပျက်စီးပြီ။ မြို့တံခါးများလည်း မီးလောင်ကျွမ်းပြီ။ လာကြ။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချမခံရအောင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြစို့”ဟု သူတို့အား ဆို၏။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
သူ့အပေါ် မေတ္တာကရုဏာထားမည့်သူ၊ ဖတဆိုးဖြစ်ကြသော သူ၏သားသမီးတို့ကို သနားမည့်သူ တစ်ယောက်မျှမရှိပါစေနှင့်။
အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌ မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူမည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် သင်၏ဝမ်းနည်းပူဆွေးခြင်း၊ ဆင်းရဲဒုက္ခ၊ အလုပ်ကြမ်းလုပ်ရခြင်းတို့မှ သင့်အားလွတ်ငြိမ်းချမ်းသာခွင့်ကိုပေးတော်မူ၍
သူသည် မြေကိုတူးဆွ၍ ကျောက်ခဲတို့ကိုရှင်းလင်းပြီးမှ အကောင်းဆုံးစပျစ်ပင်ကိုစိုက်၏။ ထိုခြံအလယ်တွင် လင့်စင်တစ်ခုကိုဆောက်ပြီး စပျစ်သီးနယ်ရာကျင်းကိုလည်း တူး၏။ သူသည် ကောင်းသောစပျစ်သီး သီးလာရန် စောင့်မျှော်ခဲ့သော်လည်း စပျစ်သီးအရိုင်းများသာ သီးပါသည်တကား။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
သူတို့သည် ရှေးပြိုပျက်ရာတို့ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ ယခင်က လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်ထူထောင်ကြလိမ့်မည်။ မျိုးဆက်အဆက်ဆက်လူသူကင်းမဲ့၍ ပြိုပျက်နေသောမြို့တို့ကို ပြုပြင်ကြလိမ့်မည်။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။