ဧဇရ 9:9 - Common Language Bible9 အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 အ ကျွန်ုပ် တို့ သည် ကျွန် ဖြစ် ကြ ပါ သော် လည်း၊ ကျွန် ခံ လျက် နေ ရ စဉ် ပင်၊ အ ကျွန်ုပ် တို့ ဘု ရား သ ခင် စွန့် တော် မ မူ ဘဲ၊ ကိုယ် တော် ၏ ဗိ မာန် တော် ကို တည် ဆောက် ခြင်း၊ ပျက် စီး ရာ ကို ထေး ဖာ ခြင်း၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ ကို ပြန် တည် ခြင်း သာ ယာ ခွင့် အ မျိုး မျိုး ကို ပေး စိမ့် သော ငှာ၊ ပေ ရ သိ ဘု ရင့် ရှေ့၊ မျက် နှာ သာ ရ စေ တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှာလည်းကောင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှာလည်းကောင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။ အခန်းကိုကြည့်ပါ။ |
ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-
သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။ မာန်မာနထောင်လွှားကာမိမိတို့အား ကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။ သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။
သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊ မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။ သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။ စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။ သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။ သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''