ဧဇရ 9:8 - မြန်မာ့စံမီသမ္မာကျမ်း8 သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible8 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible8 ယ ခု မှာ၊ အ ကျွန်ုပ် တို့ အား စ က္ခု အ လင်း ကို ပေး လျက်၊ ကျွန် ခံ ရ စဉ် အ နည်း ငယ် သာ ယာ ခွင့် ပေး တော် မူ ရန်၊ အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ ကြွင်း အ ကျန် တို့ ကို ဘေး လွတ် စေ၍၊ သန့် ရှင်း ရာ ဌာ န တော်၌ ကြက် ဆူး အ ဖြစ် စိုက် ထား သော ကျေး ဇူး တော် မှာ၊ ဇင်္ဂ မ မျှ ဖြစ် ပါ သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသောကျေးဇူးတော် ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှူပြန်ရသော အခွင့်ကို ပေးတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
“သို့သော် ထိုပြည်ထဲ၌ လွတ်မြောက်၍ကြွင်းကျန်ရစ်သော သားသမီးအချို့တို့သည် ထုတ်ဆောင်သွားခြင်းခံရလိမ့်မည်။ သူတို့သည် သင်တို့ထံရောက်လာ၍ သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရလိမ့်မည်။ ထိုအခါ ဂျေရုဆလင်မြို့အပေါ် ငါကျရောက်စေခဲ့သောဘေးအန္တရာယ် အလုံးစုံတို့အတွက် သင်တို့စိတ်သက်သာရာရလိမ့်မည်။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။