ဟေရှာယ 5:2 - မြန်မာ့စံမီသမ္မာကျမ်း2 သူသည် မြေကိုတူးဆွ၍ ကျောက်ခဲတို့ကိုရှင်းလင်းပြီးမှ အကောင်းဆုံးစပျစ်ပင်ကိုစိုက်၏။ ထိုခြံအလယ်တွင် လင့်စင်တစ်ခုကိုဆောက်ပြီး စပျစ်သီးနယ်ရာကျင်းကိုလည်း တူး၏။ သူသည် ကောင်းသောစပျစ်သီး သီးလာရန် စောင့်မျှော်ခဲ့သော်လည်း စပျစ်သီးအရိုင်းများသာ သီးပါသည်တကား။ အခန်းကိုကြည့်ပါ။Common Language Bible2 သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊ မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။ သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။ စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။ သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။ သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။ အခန်းကိုကြည့်ပါ။Garrad Bible2 တူး ဖော် ယူ ပစ် ပြီး လျှင် မြတ် သော စ ပျစ် ပင် များ ကို စိုက် ပျိုး လျက်၊ အ လယ်၌ မြော် စင် ကို ဆောက် လုပ်၍၊ ဖိ နင်း ရန် ကျင်း ကို တူး လေ၏။ အ သီး ကောင်း သီး မည် ဟု အောက် မေ့ သော် လည်း၊ တော သီး သီး လာ ပါ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible2 မြေကိုတူး၍ ကျောက်ခဲတို့ကိုရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်းဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။ အခန်းကိုကြည့်ပါ။ |
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။