ဧဇရ 9:8 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် တစ်ခဏချင်းတွင် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ခံစားရ၍ ကိုယ်တော်သည် အကျွန်ုပ်တို့ထဲမှကြွင်းကျန်သူတို့ကို လွတ်မြောက်စေပြီး ကိုယ်တော်၏သန့်ရှင်းရာဌာနတော်တွင် လုံခြုံရာကို ပေးတော်မူပြီ။ အကျွန်ုပ်တို့ကို မျက်စိအလင်းပေးတော်မူပြီ။ ကျွန်ခံရရာတွင် အနည်းငယ်သက်သာခွင့်ကို ပေးတော်မူပါပြီ။
အခန်းကိုကြည့်ပါ။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။-
အခန်းကိုကြည့်ပါ။
ယ ခု မှာ၊ အ ကျွန်ုပ် တို့ အား စ က္ခု အ လင်း ကို ပေး လျက်၊ ကျွန် ခံ ရ စဉ် အ နည်း ငယ် သာ ယာ ခွင့် ပေး တော် မူ ရန်၊ အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ ကြွင်း အ ကျန် တို့ ကို ဘေး လွတ် စေ၍၊ သန့် ရှင်း ရာ ဌာ န တော်၌ ကြက် ဆူး အ ဖြစ် စိုက် ထား သော ကျေး ဇူး တော် မှာ၊ ဇင်္ဂ မ မျှ ဖြစ် ပါ သေး ၏။
အခန်းကိုကြည့်ပါ။
ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသောကျေးဇူးတော် ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှူပြန်ရသော အခွင့်ကို ပေးတော်မူပြီ။
အခန်းကိုကြည့်ပါ။