သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဧဇရ 9:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။ Common Language Bible ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။- Garrad Bible ထို အ ခြင်း အ ရာ များ နောက်၊ ငါ့ ထံ ချဉ်း လာ သော အ ကြီး အ ကဲ အ ချို့ တို့ က၊ ပ ရာ ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ဣ သ ရေ လ အ သည် သား တို့ သည်၊ ခါ န နိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ယေ ဗု သိ၊ အ မ္မုန်၊ မော ဘ၊ အိ ဂျစ်၊ အာ မော ရိ လူ မျိုး တို့ ရွံ ရှာ ဖွယ် ဓ လေ့ များ ကို လိုက် လျက်၊ နိုင် ငံ ခြား သား တို့ နှင့် မ ခွဲ မ ခွာ ဘဲ၊ Judson Bible ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဖော်သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာဖွယ်သောအကျင့်ကို ကျင့်ကြပါ၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
အစ္စရေးလူမျိုးမဟုတ်သော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။
သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
ဂျေရုဆလင်မြို့ရိုးကို ဆက်၍ပြုပြင်နေကြောင်း၊ ပြိုပျက်ရာများကို စ၍ဖာထေးနေကြောင်းကို သမ္ဘာလတ်၊ တောဘိမှစ၍ အာရပ်လူမျိုး၊ အမ္မုန်လူမျိုး၊ အာဇုတ်လူမျိုးတို့ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လေ၏။
အစ္စရေးအမျိုးအနွယ်တို့သည် တိုင်းတစ်ပါးသားတို့နှင့် ခပ်ခွာခွာနေ၍ ရပ်လျက် မိမိတို့အပြစ်၊ ဘိုးဘေးတို့၏အပြစ်များကို ဝန်ချတောင်းပန်ကြ၏။
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
သင်တို့နေထိုင်ခဲ့သည့် အီဂျစ်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သင်တို့ကို ငါပို့ဆောင်မည့် ခါနာန်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သူတို့၏ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ရ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သူ့ကို ကျောက်ဆောင်ထိပ်မှ ငါတွေ့ရ၏။ သူ့ကို တောင်ကုန်းပေါ်မှ ငါမြင်ရ၏။ ထိုလူမျိုးသည် တသီးတခြားနေ၏။ လူမျိုးခြားတို့နှင့်ရောနှောခြင်းမရှိ။
ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။
သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်ဝင်ရောက်သောအခါ ထိုလူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များကို မလိုက်နာရ၊ မသင်ယူရ။
သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
အကယ်၍ သင်တို့သည် လမ်းလွဲ၍ သင်တို့တွင် ကြွင်းကျန်နေသေးသောလူမျိုးတို့နှင့်မိတ်ဖွဲ့ပြီး သူတို့နှင့်စုံဖက်၍ ထွေးရောယှက်တင်နေလျှင်