ဧဇရ 6:22 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။
အခန်းကိုကြည့်ပါ။
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
အခန်းကိုကြည့်ပါ။
ကိုယ့် ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် မှု၌၊ အာ ရှု ရိ ဘု ရင် အား၊ ထောက် မ လို သော စိတ် ကို သွင်း ပေး လျက်၊ ဝမ်း မြောက် ခွင့် ပြု တော် မူ သည့် အ တိုင်း၊ ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ပွဲ ကို၊ ရွှင် လန်း စွာ ကျင်း ပ၍ စား သောက် ကြ ကုန်၏။
အခန်းကိုကြည့်ပါ။
ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။
အခန်းကိုကြည့်ပါ။