သို့ဖြစ်၍ အရှင်မင်းကြီးအလိုရှိလျှင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်ကိုပြန်လည်တည်ဆောက်ရန် ကုရုမင်းကြီးအမိန့်ထုတ်ပြန်ခဲ့ခြင်းရှိမရှိကို ဘေဘီလုံမြို့ရှိရှင်ဘုရင်၏ဘဏ္ဍာတိုက်ထဲ၌ ရှာဖွေစစ်ဆေးပါ။ ပြီးလျှင် ဤကိစ္စနှင့်ပတ်သက်၍ အရှင်မင်းကြီး၏သဘောထားကိုလည်း သိလိုသည်ဖြစ်၍ အကျွန်ုပ်တို့အား အကြောင်းပြန်ပေးစေလိုပါ၏”ဟု ပါရှိ၏။