ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ဧဇရ 6:15 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဒါရိမင်းကြီးနန်းစံ ဆဋ္ဌမနှစ်၊ အာဒါလ၊ သုံးရက်နေ့တွင် အိမ်တော်ကို တည်ဆောက်ပြီးစီးခဲ့၏။ Common Language Bible ဒါရိမင်းနန်းစံခြောက်နှစ်မြောက်၊ အာဒါလသုံးရက်နေ့၌လက်စသတ်ကြ၏။- Garrad Bible ဒါ ရိ မင်း နန်း စံ ခြောက် နှစ်၊ အာ ဒါ ခေါ် လ၊ တ တိ ယ ရက် တွင်၊ ဗိ မာန် တော် ပြီး မြောက် လေ ၏။ Judson Bible ဒါရိမင်းကြီးနန်းစံ ခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။ |
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။
အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။
ထိုစာကို ခြေမြန်တော်များဖြင့် ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးသို့ ပေးပို့လိုက်၏။ ထိုစာတွင် အာဒါဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက် တစ်နေ့ချင်းတွင် ဂျူးလူမျိုးလူကြီးလူငယ်၊ မိန်းမနှင့်ကလေးပါမကျန် အားလုံးသုတ်သင်သတ်ဖြတ်ပြီး သူတို့၏စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူရမည်ဟု ပါရှိ၏။
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ထိုအမှုကို အာရွှေရုမင်းကြီးပိုင် နယ်မြေအားလုံးထဲ၌ အာဒါလဟုခေါ်သောတစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ တစ်နေ့ချင်းတွင် ပြုရမည်ဟု ပါရှိ၏။
ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။
အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
ထိုနေ့သည် အာဒါလ၊ တစ်ဆယ့်သုံးရက်နေ့ ဖြစ်၏။ တစ်ဆယ့်လေးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။
ကျေးလက်တောရွာများတွင် နေထိုင်သောဂျူးလူမျိုးတောသူတောင်သားတို့မူကား အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပကာ ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အိမ်နီးချင်းတစ်ဦးနှင့်တစ်ဦးစားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှကြ၏။
ထိုစာတွင် နှစ်စဉ်နှစ်တိုင်း အာဒါလ၊ တစ်ဆယ့်လေးရက်နေ့နှင့် တစ်ဆယ့်ငါးရက်နေ့တွင် ပွဲတော်ကျင်းပရန် ပြဋ္ဌာန်းထား၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
“ဇေရုဗဗေလကိုယ်တိုင် ဤအိမ်တော်ကို အုတ်မြစ်ချခဲ့ပြီ။ သူကိုယ်တိုင်ပင် အပြီးတိုင် ဆက်လက်တည်ဆောက်လိမ့်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူကြောင်းကို သင်တို့ သိရကြလိမ့်မည်။