ဧသတာ 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။ အခန်းကိုကြည့်ပါ။Common Language Bible15 အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။ အခန်းကိုကြည့်ပါ။Garrad Bible15 ရှု ရှန် မြို့ တော် ရှိ ယု ဒ လူ မျိုး တို့ သည်၊ အာ ဒါ လ ဆယ့် လေး ရက်၌ စု ရုံး ပြန် လျက်၊ ရှု ရှန် မြို့ သား သုံး ရာ တို့ ကို လုပ် ကြံ ကြ၏။ ဥ စ္စာ ကို ကား၊ မ သိမ်း မ ယူ ကြ။ အခန်းကိုကြည့်ပါ။Judson Bible15 ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။