ဧဇရ 5:16 - မြန်မာ့စံမီသမ္မာကျမ်း16 ရှေရှဗာဇာလည်း ဂျေရုဆလင်မြို့သို့ရောက်လာ၍ ဘုရားသခင်၏အိမ်တော်ကို အုတ်မြစ်ချ၏။ ထိုအချိန်ကစ၍ တည်ဆောက်ရာ ယခုထိ မပြီးစီးသေးပါ’ဟု အကျွန်ုပ်တို့အား ပြန်ဖြေပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။ အခန်းကိုကြည့်ပါ။Garrad Bible16 ထို ရှေ ရှ ဗာ ဇာ သည် ယေ ရု ရှ လင် မြို့ သို့ ရောက်၍၊ ဗိ မာန် တော် အ ခြေ အ မြစ် ကို ချ လေ ၏။ ထို ကာ လ က စ၍ ယ ခု တိုင် အောင် တည် ဆောက် မှု မ ပြီး မြောက် သေး ပါ ဟု ပြန် လျှောက် သော အ ကြောင်း များ ကို သိ မှတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည်တည်လုပ်လျက် လက်စမသတ်သေးဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။