ဧဇရ 6:14 - မြန်မာ့စံမီသမ္မာကျမ်း14 ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊- အခန်းကိုကြည့်ပါ။Garrad Bible14 ယု ဒ အ ကြီး အ ကဲ တို့ လည်း၊ ပ ရော ဖက် ဟ ဂ္ဂဲ၊ ဣ ဒေါ့ သား ဇာ ခ ရိ တို့ နှိုး ဆော် ဟော ပြော သည့် အ တွက်၊ ကြံ တိုင်း အောင် ဆောင် တိုင်း မြောက် လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၏ အ မိန့် တော် နှင့်၊ ပေ ရ သိ ဘု ရင် ကု ရု မင်း၊ ဒါ ရိ မင်း၊ အာ တ ဇေ ရဇ် မင်း တို့ အ မိန့် တော် အ ရ တည် ဆောက်၍၊ အခန်းကိုကြည့်ပါ။Judson Bible14 ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိ ဟောသောအားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရားသခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။
ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။
အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။