ဧဇရ 4:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible24 ယေ ရု ရှ လင် မြို့ ဗိ မာန် တော် တည် ဆောက် မှု လည်း၊ ပေ ရ သိ ဘု ရင် ဒါ ရိ မင်း နန်း စံ နှစ် နှစ် တိုင် အောင် ရပ် စဲ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော်တည်ခြင်းအမှု ပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။ အခန်းကိုကြည့်ပါ။ |
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။