ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ဧဇရ 6:12 - မြန်မာ့စံမီသမ္မာကျမ်း ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။ Common Language Bible ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။ Garrad Bible ယေ ရု ရှ လင် မြို့ ဤ ဗိ မာန် တော် ကို ဖျက် ဆီး ရန် သော် လည်း ကောင်း၊ အ မိန့် တော် ကို ဖီ ဆန် ရန် သော် လည်း ကောင်း၊ ကြံ စည် သော မင်း မှ စ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ကို၊ ထို ဗိမာန်၌ နာ မ တော် တည် စေ သော ဘု ရား သ ခင် သည်၊ ဖြို လှဲ တော် မူ ပါ စေ သော။ ငါ ဒါရိ မင်း အ မိန့် တော် ထုတ် ပြီ။ လုံ့ လ ပြု၍ ဆောင် ရွက် ကြ လော့ ဟူ၍ တည်း။ Judson Bible ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။ |
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။
ဂျေရုဆလင်မြို့၌ကိန်းဝပ်တော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်အား ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်တို့ စေတနာစိတ်ဖြင့် ပေးလှူလိုက်သောရွှေငွေများ၊
ထိုငွေတို့ဖြင့် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ချက်ချင်းဝယ်၍ ဂျေရုဆလင်မြို့ရှိ သင်တို့၏ဘုရားသခင်အိမ်တော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လော့။
ဘုရားသခင်၏ပညတ်တရား၊ ရှင်ဘုရင်ထုတ်ပြန်သောဥပဒေတို့ကို မလိုက်နာသောသူ မည်သူမဆို သေဒဏ်၊ ပြည်နှင်ဒဏ်၊ အိမ်ရာမြေသိမ်းယူခြင်းဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်တစ်ခုခုကို ချက်ချင်းကျခံစေ”ဟု ပါရှိ၏။
ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။
အို ဘုရားသခင်၊ သူတို့အပေါ် အပြစ်သင့်ရောက်စေတော်မူပါ။ သူတို့သည် မိမိတို့၏အကျင့်အကြံများဖြင့် လဲကျကြပါစေသော။ သူတို့သည် ကိုယ်တော်ကိုပုန်ကန်ကြသည်ဖြစ်၍ သူတို့ကျူးလွန်သည့်များစွာသောအပြစ်အတွက် သူတို့ကိုနှင်ထုတ်တော်မူပါ။
သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
သင်၏အမှုကိုမထမ်းဆောင်သောလူမျိုးဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေ ပျက်စီးရလိမ့်မည်။ ထိုလူမျိုးတို့သည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
သင့်ညီယာကုပ်ကို ရက်စက်ခဲ့သောအမှုကြောင့် သင်သည် အရှက်ကို ခြုံရလိမ့်မည်။ ထာဝရတိမ်မြုပ်သွားရလိမ့်မည်။
ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင်“ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။