ဧဇရ 6:12 - Common Language Bible12 ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ယေ ရု ရှ လင် မြို့ ဤ ဗိ မာန် တော် ကို ဖျက် ဆီး ရန် သော် လည်း ကောင်း၊ အ မိန့် တော် ကို ဖီ ဆန် ရန် သော် လည်း ကောင်း၊ ကြံ စည် သော မင်း မှ စ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ကို၊ ထို ဗိမာန်၌ နာ မ တော် တည် စေ သော ဘု ရား သ ခင် သည်၊ ဖြို လှဲ တော် မူ ပါ စေ သော။ ငါ ဒါရိ မင်း အ မိန့် တော် ထုတ် ပြီ။ လုံ့ လ ပြု၍ ဆောင် ရွက် ကြ လော့ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible12 ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
အို ဘုရားသခင်၊ သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ သူတို့၏ဆိုးညစ်သောအကြံအစည်များက သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ သူတို့၏များမြောင်သော အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-