၂ ရာချုပ် 7:16 - မြန်မာ့စံမီသမ္မာကျမ်း16 ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။ အခန်းကိုကြည့်ပါ။Common Language Bible16 ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ဤ ဗိ မာန် ကို ငါ ရွေး ချယ် သီး သန့် ထား လျက် နာ မ တော် တည် မြဲ စေ သည့် အ တိုင်း အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု ၍ အ ရေး ယူ မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသော ရန်သူ့ပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံ ဆုတောင်းကြလျှင်
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။