သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။
အာမုတ် 5:5 - မြန်မာ့စံမီသမ္မာကျမ်း ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။ Common Language Bible ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။'' Judson Bible ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက် သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။ |
သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။
ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။
ဣဇက်သည် ထိုရေတွင်း၏အမည်ကို ရှေဘ ဟုခေါ်၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဗေရရှေဘ ဟုယနေ့တိုင်အောင်ခေါ်ကြ၏။
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
ထို့နောက် ရှင်ဘုရင်သည် ယုဒမြို့ရွာရှိ ယဇ်ပုရောဟိတ်များအားလုံးကိုလည်း ဆင့်ခေါ်၍ ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယဇ်ပုရောဟိတ်တို့ နံ့သာပေါင်းမီးရှို့ပူဇော်သောနေရာဖြစ်သည့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို မစင်ကြယ်အောင် လုပ်ပစ်၏။ ထို့ပြင် မြို့တံခါးဝ၏ဝဲဘက်၊ မြို့တော်ဝန်ယောရှုတံခါးနားရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ဖြိုဖျက်ပစ်လေ၏။
သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
အကြောင်းမူကား ကြမ်းကြုတ်သောသူတို့သည် ရှိတော့မည်မဟုတ်။ ပြက်ရယ်ပြုတတ်သောသူတို့သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ ဒုစရိုက်ပြုရန် ချောင်းမြောင်းနေသောသူ၊
အကြံထုတ်ကြ။ သို့သော် ပျက်သွားလိမ့်မည်။ တိုင်ပင်ဆွေးနွေးကြ။ သို့သော် တည်လိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။
အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
“ဂိလဂါလမြို့၌ မကောင်းမှုမှန်သမျှကို ပြုကြသောကြောင့် သူတို့ကို ငါမုန်း၏။ သူတို့ပြုသောမကောင်းမှုများကြောင့် သူတို့ကို မချစ်တော့ဘဲ ငါ့အိမ်တော်မှနှင်ထုတ်မည်။ သူတို့၏အကြီးအကဲတို့သည် ခေါင်းမာသောအမျိုး ဖြစ်၏။
ဒမတ်စကပ်မြို့၏ကန့်လန့်ကျင်ကို ချိုးဖျက်ပစ်မည်။ အာဝင်ချိုင့်သားတို့နှင့် ဗေသေဒင်မြို့မှ ရာဇလှံတံစွဲကိုင်သူကို သုတ်သင်ပစ်မည်။ အာရံပြည်သားတို့ကို ကိရပြည်သို့ဖမ်းခေါ်သွားမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“စင်စစ် အစ္စရေးလူမျိုးတို့ကျူးလွန်သောအပြစ်များကို စီရင်သောနေ့တွင် ဗေသလယဇ်ပလ္လင်တို့ကို ငါစီရင်မည်။ ယဇ်ပလ္လင်ချိုတို့ကိုချိုးပစ်သဖြင့် မြေပေါ်သို့ကျကြလိမ့်မည်။
“ဗေသလမြို့သို့သွားပြီး အပြစ်ပြုကြ။ ဂိလဂါလမြို့သို့သွားပြီး အပြစ်များစွာပြုကြ။ သင်တို့၏ပူဇော်သက္ကာကို နံနက်တိုင်းယူလာကြ။ ဆယ်ဖို့တစ်ဖို့ကို သုံးရက်တစ်ကြိမ် ယူလာကြ။
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
‘အို ဒန်၊ သင်၏ဘုရားအသက်ရှင်သည့်အတိုင်း’ဟူ၍လည်းကောင်း၊ ‘ဗေရရှေဘကျင့်စဉ်တို့ ရှင်သန်နေသည့်အတိုင်း’ဟူ၍လည်းကောင်း ရှမာရိအပြစ်ကိုတိုင်တည်ကျိန်ဆိုတတ်သောသူတို့သည် နောက်တစ်ဖန် ပြန်မထနိုင်အောင် ကျဆုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။
သို့ရာတွင် ငါတို့သည် စုံလင်ရင့်ကျက်သောသူတို့အထဲ၌ ဉာဏ်ပညာစကားကိုပြောဆိုကြ၏။ ထိုသို့ဆိုသော် ၎င်းသည် ဤလောက၏ဉာဏ်ပညာမဟုတ်။ ပယ်ဖျက်ခြင်းခံရတော့မည့် ဤလောကကိုအုပ်ချုပ်သူတို့၏ဉာဏ်ပညာလည်းမဟုတ်။
သင်သည် သားသမီးများ မွေးဖွားသော်လည်း သူတို့သည် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံရသောကြောင့် သင်နှင့်အတူနေရမည်မဟုတ်။
တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
အကြောင်းမူကား ဤမျှလောက်များပြားသောစည်းစိမ်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း လုံးလုံးဖျက်ဆီးခြင်းခံရပါသည်တကား’ဟု ဆိုကြလိမ့်မည်။ ရေယာဉ်မှူးအားလုံး၊ အရပ်ရပ်သို့ရွက်လွှင့်တတ်သောသူအပေါင်းတို့နှင့် သင်္ဘောသားများ၊ ပင်လယ်ထဲ၌အလုပ်လုပ်နေသူရှိသမျှတို့သည်လည်း အဝေးမှရပ်လျက်
ရှမွေလကလည်း လူတို့အား “လာကြ။ ဂိလဂါလမြို့သို့သွား၍ ထိုမြို့တွင် နိုင်ငံတော်အသစ်တည်ထောင်ကြစို့”ဟု ဆိုလျှင်
သူသည် နှစ်စဉ် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့များသို့ လှည့်လည်သွားလာပြီး ထိုမြို့များရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
သူ၏သားဦးအမည်မှာ ယောလဖြစ်ပြီး ဒုတိယသားအမည်မှာ အဘိယဖြစ်၏။ သူတို့သည် ဗေရရှေဘမြို့၌ စီရင်အုပ်ချုပ်ရ၏။