ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။
အာမုတ် 3:2 - မြန်မာ့စံမီသမ္မာကျမ်း “မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။ Common Language Bible ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။ Judson Bible မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တစ်မျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ် ရှိသမျှတို့ကို ငါစစ်ကြောမည်။ |
ဤသည်ကား မိမိတို့ဆွေစဉ်မျိုးဆက်အလိုက် မိမိတို့တိုင်းပြည်၌နေထိုင်ကြသော နောဧသားတို့၏မျိုးနွယ်စုများဖြစ်ကြ၏။ ရေလွှမ်းမိုးပြီးသည့်နောက် ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့သည် ဤသူတို့မှ ပြန့်ပွားလာကြ၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးအားလည်းကောင်း၊ မိမိ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို အစ္စရေးလူမျိုးအားလည်းကောင်း ဖွင့်ပြတော်မူ၏။
ယခု သွား၍ သင့်အား ငါမိန့်ဆိုသောနေရာသို့ ထိုလူတို့ကို ပို့ဆောင်လော့။ ကြည့်ရှုလော့။ ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့မှ သွားလိမ့်မည်။ သို့သော် ငါအပြစ်ဒဏ်ပေးမည့်နေ့ရက်၌ သူတို့၏အပြစ်အတွက် သူတို့ကိုဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။
အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကို ဒဏ်ခတ်မည်။ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတို့၏သားသမီးတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြလိမ့်မည်။
သင်ကိုယ်တိုင်သင်ကြားပေးသောသူ၊ သင်၏မိတ်ဆွေဖြစ်သောသူကို သင်၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူလျှင် သင်မည်သို့ဆိုမည်နည်း။ သားဖွားသောမိန်းမကဲ့သို့ သင်နာကျင်ခံစားရမည်မဟုတ်လော။
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ကိုယ်ကာယအရေဖျားလှီးခြင်းကိုသာခံသောသူရှိသမျှအား အပြစ်ဒဏ်ပေးမည့်နေ့ရက် ရောက်လာမည်။
သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ကြောင့် ငါမပြုဖူးသော၊ နောင်တွင်လည်း ပြုမည်မဟုတ်သောအမှုကို သင်၌ငါပြုမည်။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဤလူတို့အပေါ်ဘေးအန္တရာယ်ကျရောက်စေရန် ငါစီရင်ပြီ။ သင်တို့သည် ထိုဘေးကို သင်တို့လည်ပင်းမှ ဖယ်ရှားနိုင်မည်မဟုတ်။ ဘေးအန္တရာယ်ကျရောက်ရာကာလဖြစ်သောကြောင့် ထောင်လွှားသွားလာနိုင်ကြမည်မဟုတ်။
အကြောင်းမှာ သူသည် ရာဂစိတ်ပြင်းထန်သောပြည့်တန်ဆာမ၊ အဆင်းလှ၍ ပြုစားတတ်သောမှော်ဆရာမ ဖြစ်သည်နှင့်အညီ ပြည့်တန်ဆာအလုပ်၊ မှော်အတတ်တို့ဖြင့် လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကျွန်ပြုသောကြောင့် ဖြစ်၏။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။
ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။
ထာဝရဘုရားသည်လည်း သင့်အားကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းသည့် မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးဖြစ်ရမည်ဟု ယနေ့ ဝန်ခံတော်မူပြီ။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
သင်တို့မမွေးမီ ရှေးကာလကအကြောင်းကို မေးမြန်းလော့။ မြေကြီးပေါ်၌ လူကိုဘုရားသခင်ဖန်ဆင်းသောနေ့မှစ၍ မိုးကောင်းကင်၏အစွန်းတစ်ဖက်မှ မိုးကောင်းကင်၏အခြားအစွန်းတစ်ဖက်တိုင်အောင် ဤကြီးမားသောအမှုမျိုး ဖြစ်ဖူးသလော။ ဤအမှုမျိုး ကြားဖူးသလော။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။