Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 6:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 လူ မျိုး တွင် အ ကြီး အ ကဲ ဖြစ် သည့် အ လျောက်၊ ဣ သ ရေ လ အ မျိုး သား တို့ အ တိုး အ ဝင် ခံ ရ၍၊ ဇိ အုန် မြို့၌ ချမ်း သာ စွာ နေ ထိုင် သူ၊ ရှ မာ ရိ တောင် တန်း၌ လျစ် လျူ စွာ နေ ထိုင် သူ တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 6:1
26 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​သည် ရှမေရ​ထံ​မှ ရှမာရိ​တောင်​ကို ငွေ​နှစ်​တာလန်​နှင့်​ဝယ်ယူ​ပြီး ထို​တောင်​ပေါ်၌ မြို့​တည်​၏​။ တောင်​ပိုင်ရှင်​အမည်​ရှမေရ​ကို အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ရှမာရိ​မြို့​ဟု ခေါ်ဝေါ်​၏​။


အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မောက်မာထောင်လွှား​သော​သူ​တို့​၏​အထင်အမြင်သေး​ခြင်း​နှင့် မာနကြီး​သော​သူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။


အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။


ဇိအုန်​မြို့​ရှိ​အပြစ်သား​တို့​သည် ကြောက်ရွံ့​ကြ​လေ​ပြီ​။ ထိတ်လန့်တုန်လှုပ်​ခြင်း​သည် ဘုရားတရားမဲ့​သူ​တို့​ကို လွှမ်းမိုး​လေ​ပြီ​။ သူ​တို့​က “​ငါ​တို့​တွင် မည်သူ​သည် တောက်လောင်​သော​မီး​ထဲ၌ နေ​နိုင်​သနည်း​။ ငါ​တို့​တွင် မည်သူ​သည် ထာဝရ​မီးတောက်​ထဲ၌ နေ​နိုင်​သနည်း​”​ဟု ဆို​ကြ​၏​။


အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​၊ ကိုယ်တော်​၏​အသီးအနှံ​တို့​တွင် အသီးဦး​ဖြစ်​၏​။ သူ့​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​အပေါ် အပြစ်​သက်ရောက်​မည်​၊ ဘေးအန္တရာယ်​ကျရောက်​မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


မောဘ​ပြည်သား​သည် ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​။ ငယ်စဉ်​ကပင် အေးချမ်း​စွာ​နေ​ရ​၏​။ အနည်ထိုင်​ကျန်ခဲ့​သော​စပျစ်ဝိုင်​ကဲ့သို့ အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ အပြောင်း​မ​ခံရ​။ ထို့ကြောင့် အရသာမပျက်​၊ ရနံ့​လည်း​မ​ပြယ်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ထ​ကြ​။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချ​ပြီး စိုးရိမ်ကြောင့်ကြမှု​မ​ရှိ​သော​လူမျိုး​၊ မြို့​တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ တသီးတခြား​နေထိုင်​သော​လူမျိုး​ထံ စစ်ချီ​ကြ​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​တရားလမ်း​၊ ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​သိ​သော လူကြီး​တို့​ကို ငါ​သွား​ပြော​မည်”​ဟု ဆို​၏​။ သို့သော် သူ​တို့​သည်​လည်း အတူတကွ​ထမ်းပိုး​ကို​ချိုး​၍ အချည်အနှောင်​များ​ကို​ဖြတ်​ကြ​ပြီ​။


‘​ဤသည်ကား ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​ဖြစ်​သည်​’​ဟု ဆို​တတ်​သော​သူ​တို့​၏​မုသား​စကား​ကို သင်​တို့​မ​ယုံ​ကြ​နှင့်​။


လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။


“မြေကြီး​ပေါ်ရှိ​လူသား​မျိုးနွယ်​တို့​တွင် သင်​တို့​တစ်မျိုးနွယ်တည်း​ကို​သာ ငါ​သိမှတ်​သည်​ဖြစ်၍ သင်​တို့​အပြစ်​ရှိသမျှ​ကို ငါ​စစ်ကြော​မည်”​ဟု မိန့်​တော်မူ​၏​။


အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။


ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။


ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဒမတ်စကပ်​မြို့​နှင့်​ဝေး​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​စေ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ဟူ၍ နာမ​တော်​ရှိ​တော်မူ​သော​ထာဝရဘုရား မိန့်​တော်မူ​၏​။


‘အို ဒန်​၊ သင်​၏​ဘုရား​အသက်ရှင်​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း​၊ ‘ဗေရရှေဘ​ကျင့်စဉ်​တို့ ရှင်သန်​နေ​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း ရှမာရိ​အပြစ်​ကို​တိုင်တည်ကျိန်ဆို​တတ်​သော​သူ​တို့​သည် နောက်တစ်ဖန် ပြန်​မ​ထ​နိုင်​အောင် ကျဆုံး​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။


အကျွန်ုပ်​က “​အို ယာကုပ်​အမျိုး​ခေါင်းဆောင်​တို့​နှင့် အစ္စရေး​အမျိုး​အကြီးအမှူး​တို့​၊ နားထောင်​ကြ​လော့​။ တရားမျှတမှု​ကို သင်​တို့​သိ​သင့်​သည်​မ​ဟုတ်​လော​။


ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။


ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။


သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။


ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။


ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ