Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဦး စွာ ယု ဒ လူ မျိုး၊ နောက် လူ မျိုး ခြား တို့ အ နက် ဒု စ ရိုက် ပြု နေ သူ တိုင်း အ ပေါ် သို့ ငြို ငြင် ကျဉ်း ကျပ် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ၊ မကောင်းမှု​ပြုသူ​မှန်သမျှ​တို့​သည် ဒုက္ခဆင်းရဲ​နှင့်​အခက်ခဲ​ကို ကြုံတွေ့ကြရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:9
35 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။


ဆိုးယုတ်​သော​သူ​တို့​သည် များစွာ​သော​ဒုက္ခဝေဒနာ​ကို​ခံစား​ကြ​ရ​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား မေတ္တာကရုဏာ​တော်​ဖြင့် ဝိုင်းရံ​ထား​ခြင်း​ကို​ခံရ​၏​။


ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ကောင်းကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား အမျက်​ကို​ဖြစ်​စေ​တတ်​၏​။


‘ကြည့်ရှု​လော့​။ ဝိညာဉ်​မှန်သမျှ​ကို ငါ​ပိုင်​၏​။ ဖခင်​၏​ဝိညာဉ်​ကို​ငါ​ပိုင်​သကဲ့သို့ သား​၏​ဝိညာဉ်​ကို​လည်း ငါ​ပိုင်​၏​။ အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။


ထို့ကြောင့် ငါ့​အမျက်​ဒေါသ​ကို သူ​တို့​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​မီး​ဖြင့် သူ​တို့​ကို လောင်ကျွမ်း​စေ​မည်​။ သူ​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​၏​။


“မြေကြီး​ပေါ်ရှိ​လူသား​မျိုးနွယ်​တို့​တွင် သင်​တို့​တစ်မျိုးနွယ်တည်း​ကို​သာ ငါ​သိမှတ်​သည်​ဖြစ်၍ သင်​တို့​အပြစ်​ရှိသမျှ​ကို ငါ​စစ်ကြော​မည်”​ဟု မိန့်​တော်မူ​၏​။


လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


အာဗြဟံ​၏​အမျိုးအနွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲမှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ညီအစ်ကို​တို့၊ ဤ​ကယ်တင်​ခြင်း​သတင်း​စကား​သည် ငါ​တို့​ထံသို့ ပေးပို့​ခြင်း​ခံရ​၏။


ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။


ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။


သုံး​ရက်​လွန်​သောအခါ ပေါလု​သည် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​ကို​ဖိတ်ခေါ်​၍ စုဝေး​စေ​၏။ သူ​တို့​စုဝေး​လာ​ကြ​သောအခါ ပေါလု​က “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် မိမိ​လူမျိုး​ကို​လည်းကောင်း၊ ဘိုးဘေး​တို့​၏​ဓလေ့​ထုံးစံ​များ​ကို​လည်းကောင်း ဆန့်ကျင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဂျေရုဆလင်​မြို့​တွင် အကျဉ်းသား​အဖြစ် ရောမ​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။


ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။


ဘုရားသခင်​သည် သင်​တို့​တစ်ဦးစီ​၏​ဆိုးညစ်​သော​အကျင့်​ကို​ဖယ်ရှား​၍ သင်​တို့​ကို​ကောင်းချီး​ပေး​တော်မူ​ရန် မိမိ​၏​အမှုဆောင်​ကို ပေါ်ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံသို့​ဦးစွာ​စေလွှတ်​တော်မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။


ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။


မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။


ဘုရားသခင်​သည် ငါ​တို့​ကို ထို​ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​အဖြစ် ဂျူး​လူမျိုး​တို့​ထဲမှ​သာမက​ဘဲ လူမျိုးခြား​တို့​ထဲမှ​လည်း ခေါ်ယူ​ထား​တော်မူ​၏။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။


သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊


အကြောင်းမူကား တရား​စီရင်​ခြင်း​ကို ဘုရားသခင်​၏​အိမ်​တော်​မှ အစပြု​မည့်​အချိန်​ရောက်​လေ​ပြီ။ ထိုသို့ ငါ​တို့​ထံမှ အစပြု​မည်​ဆို​လျှင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ