ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ဟေရှာယ 8:14 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။ Common Language Bible ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။- Garrad Bible သို့ ပြု လျှင် ကိုယ် တော် သည်၊ သင် တို့ ခို လှုံ ရာ ဖြစ် လေ အံ့။ ဣ သ ရေ လ လူ မျိုး နှစ် မျိုး တွင် မူ ကား၊ တိုက် လဲ ရာ ကျောက်၊ ထိ လဲ ရာ ကျောက် ဖြစ် သည့် ပြင်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့၌၊ ထောင် ကိုင်း နှင့် ညွတ် ကွင်း သ ဖွယ် ဖြစ် တော် မူ လျက်၊ Judson Bible ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။ |
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
သူတို့ရှေ့၌ရှိသောစားပွဲသည် ကျော့ကွင်းသော်လည်းကောင်း၊ လက်တုံ့ပြန်စရာသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း ဖြစ်ပါစေ။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။
ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
နေ့အချိန် အပူရှိန်ကိုကာကွယ်ပေးသောအရိပ်၊ မိုးသက်မုန်တိုင်းဘေးမှ ခိုလှုံရာ၊ ကွယ်ကာရာအဖြစ် တဲလည်းရှိမည်။
ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။
အကြောင်းမူကား ထိုသူငယ်သည် အဆိုးကိုပယ်၍ အကောင်းကိုမရွေးချယ်တတ်မီ သင်တို့ကြောက်ရွံ့သောရှင်ဘုရင်နှစ်ပါး၏ပြည်သည် စွန့်ပစ်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးရှေ့တွင် ခလုတ်တံသင်းကိုချထားမည်။ အဖေနှင့်သားတို့သည် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အိမ်နီးနားချင်းနှင့်အပေါင်းအဖော်တို့သည် ပျက်စီးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။
[ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
အကြောင်းမူကား ထိုနေ့ရက်သည် မြေတစ်ပြင်လုံး၌နေထိုင်သူအပေါင်းတို့အပေါ်သို့ သက်ရောက်လာလိမ့်မည်။
မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”
ယောရှုသည်လည်း ရဲစွမ်းသတ္တိရှိသောစစ်သူရဲအပေါင်းတို့နှင့်တကွ စစ်တပ်တစ်တပ်လုံးကိုခေါ်၍ ဂိလဂါလအရပ်မှ စစ်ချီထွက်လေ၏။
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။