Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 69:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူ​တို့​ရှေ့​၌​ရှိ​သော​စားပွဲ​သည် ကျော့ကွင်း​သော်​လည်းကောင်း​၊ လက်တုံ့ပြန်စရာ​သော်​လည်းကောင်း​၊ ထောင်ချောက်​သော်​လည်းကောင်း ဖြစ်​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။ သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သူ တို့ စား သောက် ပွဲ သည်၊ ကိုယ့် ရှေ့ မှာ ကျော့ ကွင်း ကဲ့ သို့လည်း ကောင်း၊ စိတ် ချ ရာ အ ကြောင်း သည်၊ ညွှတ် ကွင်း ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သူ​တို့​စား​ပွဲ​သည် သူ​တို့​ရှေ့​မှာ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော​အ​ပြစ်​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 69:22
7 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။


သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ငါ့​နာမ​ကို မ​ချီးမွမ်း​၊ နှလုံး​မ​သွင်း​ဘဲ​နေ​လျှင် သင်​တို့​အပေါ်​သို့ ကျိန်​ခြင်း​ကို ငါ​သက်ရောက်​စေ​မည်​။ သင်​တို့​၏​ကောင်းချီးမင်္ဂလာ​ကို အမင်္ဂလာ ဖြစ်စေ​မည်​။ အကယ်စင်စစ် သင်​တို့​နှလုံး​မ​သွင်း​သောကြောင့် သင်​တို့​ကို ငါ​ကျိန်ဆဲ​ပြီ​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား မိန့်​တော်မူ​၏​။


သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ