ဟေရှာယ 26:20 - မြန်မာ့စံမီသမ္မာကျမ်း20 ငါ့လူမျိုးတော်တို့၊ သွားလော့။ သင့်အခန်းထဲသို့ဝင်၍ တံခါးကို ပိတ်ထားလော့။ အမျက်တော်ပြေသည့်တိုင်အောင် ခေတ္တခဏပုန်းနေလော့။ အခန်းကိုကြည့်ပါ။Common Language Bible20 ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible20 အို လူ မျိုး ချင်း တို့၊ လာ ကြ။ အ တွင်း ခန်း ထဲ သို့ ဝင် ပြီး နောက်၊ တံ ခါး များ ကို ပိတ် ထား လျက်၊ အ မျက် တော် မ ကျော် မ ချင်း၊ ခေ တ္တ ပုန်း ရှောင်၍ နေ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible20 ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။