ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
ဟေရှာယ 57:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။ Common Language Bible ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။ Garrad Bible လမ်း ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ငါ့ လူ မျိုး သွား ရာ လမ်း တွင် ခ လုတ် ကို ပယ် ရှား ကြ လော့ ဟု အ မိန့် တော် ရှိ လိမ့် မည်။ Judson Bible ထိုအခါ မြေကိုဖို့ကြ။ မြေကိုဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟု ငါပြောဆိုရ၏။ |
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
ကြွေးကြော်သံတစ်ခုမှာ “တောကန္တာရ၌ ထာဝရဘုရားကြွတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။ သဲကန္တာရ၌ ငါတို့၏ဘုရားသခင်ကြွတော်မူမည့် လမ်းမကြီးကို ဖြောင့်တန်းစေကြလော့။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။
ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။
အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ
ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။