ဟေရှာယ 57:14 - Common Language Bible14 ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible14 လမ်း ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ငါ့ လူ မျိုး သွား ရာ လမ်း တွင် ခ လုတ် ကို ပယ် ရှား ကြ လော့ ဟု အ မိန့် တော် ရှိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ မြေကိုဖို့ကြ။ မြေကိုဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟု ငါပြောဆိုရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။