ယေရမိ 18:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ငါ၏ လူ မျိုး တော် မှာ မူ၊ ငါ့ ကို မေ့ လျော့ လျက်၊ အ န တ္တ ဘု ရား များ အား၊ မီး ဖြင့် ပူ ဇော် သည့် အ တွက် ခ ရီး သွား ရာ လမ်း ဟောင်း များ တွင် တိုက် လဲ၍၊ မ ဖို့ သေး သော ကြား လမ်း များ ကို လိုက် လျှောက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible15 ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီးသောအရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလမှစ၍ လိုက်ဖူးသော လမ်းတို့၌ လဲတတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီတကား။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
သင်တို့နှင့် သင်တို့၏မယားတို့က ‘ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်မည်၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်ဟူသော ငါတို့ကတိသစ္စာအတိုင်း ငါတို့ဆက်ဆက်ပြုမည်’ဟု သင်တို့နှုတ်ဖြင့်ဆိုလျက် လက်ဖြင့်ပြီးမြောက်စေတတ်ကြသည်ဖြစ်၍ သင်တို့၏ကတိသစ္စာကို ဆက်ဆက်တည်စေကြ။ သင်တို့၏ကတိသစ္စာကို ဆက်ဆက်ပြုကြဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူပြီ။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။