ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟေရှာယ 50:2 - မြန်မာ့စံမီသမ္မာကျမ်း ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။ Common Language Bible ``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။ Judson Bible ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။ |
ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။
ကိုယ်တော်သည် ပင်လယ်နီကို ဆုံးမတော်မူရာ ၎င်းသည်ခန်းခြောက်လေ၏။ ထို့နောက် တောကန္တာရကိုဖြတ်သကဲ့သို့ နက်ရှိုင်းသောရေထုကို ဖြတ်၍ သူတို့ကိုပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် မြစ်များကို တောကန္တာရအဖြစ်သို့လည်းကောင်း၊ စမ်းရေထွက်ရာအရပ်များကို ခြောက်ကပ်သောအရပ်အဖြစ်သို့လည်းကောင်း၊
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။
အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။
နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြသဖြင့် နိုင်းမြစ်သည် အပုပ်နံ့ထွက်လေ၏။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ထဲမှရေကိုမသောက်သုံးနိုင်ကြ။ အီဂျစ်ပြည်တစ်ပြည်လုံး သွေးနှင့်ပြည့်လေ၏။
သို့သော် ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ကြ၏။ ငါ့လက်ကိုဆန့်တန်းသောအခါ မည်သူမျှ အလေးမထားကြ။
ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။
ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှမရှိ။ ငါမေးမြန်းသောအခါ သူတို့ထဲတွင် ပြန်ဖြေကြားနိုင်သောသူ တစ်ယောက်မျှမရှိ၊ အကြံပေးနိုင်သောသူ တစ်ယောက်မျှမရှိ။
ငါသည် တောင်ကြီး၊ တောင်ငယ်များကို ဖျက်ဆီးမည်။ အပင်ရှိသမျှတို့ကို ခြောက်သွေ့စေမည်။ မြစ်များကို ကျွန်းဖြစ်စေမည်။ ရေအိုင်များကို ခန်းခြောက်စေမည်။
ပင်လယ်ပြင်၌ လမ်းမကိုလည်းကောင်း၊ လှိုင်းထန်သောရေပြင်၌ လမ်းကိုလည်းကောင်း ဖြစ်စေတော်မူသော၊
ငါသည် သမုဒ္ဒရာကို ‘ခန်းခြောက်လော့။ သင်၏မြစ်တို့ကိုလည်း ငါခြောက်သွေ့စေမည်’ဟု မိန့်ဆို၏။
အလွန်နက်ရှိုင်းသောပင်လယ်ရေထုကိုခန်းခြောက်စေသောသူ၊ ရွေးနုတ်ခံရသောသူများဖြတ်ကူးနိုင်ရန် နက်ရှိုင်းသောပင်လယ်ကို လမ်းဖြစ်စေသောသူကား ကိုယ်တော်ပင်မဟုတ်လော။
စွန့်ပစ်ခြင်းခံရ၍ စိတ်ထိခိုက်နေသော၊ ငယ်ရွယ်စဉ်ကပေါင်းဖော်ခဲ့ပြီးမှ ငြင်းပယ်ခံရသောမိန်းမကို ပြန်ခေါ်သကဲ့သို့ သင့်ကိုထာဝရဘုရားပြန်ခေါ်တော်မူပြီ”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။
ကိုယ်တော်သည် ကြားဝင်စေ့စပ်သောသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းကို မြင်၍ အံ့ဩတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော့်ကိုထောက်မပေး၏။
နက်ရှိုင်းရာအရပ်ကို ဖြတ်သွားစေသောသူကား အဘယ်မှာနည်း။ သူတို့သည် လွင်ပြင်၌သွားသောမြင်းကဲ့သို့ ခလုတ်မတိုက်။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
သင်တို့သည် ထိုအမှုအလုံးစုံတို့ကို ပြုကြသောကြောင့် သင်တို့ကို ငါအကြိမ်ကြိမ်သတိပေး၏။ သို့သော် သင်တို့နားမထောင်ကြ။ ငါခေါ်သော်လည်း သင်တို့မထူးကြ။
ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
သူတို့သည် ခေါ်လေလေ ထွက်ပြေးလေလေ ဖြစ်၏။ ဗာလဘုရားကို ယဇ်ပူဇော်ကြ၏။ ရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အောင်ပွဲခံမြင်းတော်၊ ရထားတော်တို့ကို စီးတော်မူသည်မှာ ချောင်းတို့ကို စိတ်ဆိုး၍လော။ မြစ်တို့ကို အမျက်ထွက်၍လော။ ပင်လယ်ကို ဒေါသထွက်၍လော။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။