ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ဟေရှာယ 5:6 - မြန်မာ့စံမီသမ္မာကျမ်း ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။ Common Language Bible ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။ Garrad Bible သုတ် သင် ခြင်း၊ တူး ဆွ ခြင်း မ ပြု ဘဲ ဖုန်း ဆိုး ထား လျက်၊ ဆူး ပင်၊ ရှား စောင်း ပင် များ ကို ပေါက် စေ မည့် ပြင်၊ မိုး မ ရွာ စေ ခြင်း ငှာ မိုး တိမ် များ ကို ဟန့် တား လိမ့် မည်။ Judson Bible ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင်
ဂျုံပင်အစား ဆူးပင်ပေါက်ပါစေ။ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ”ဟု မြွက်ဆိုလေ၏။ ယောဘပြောဆိုသောစကား ပြီးဆုံးပါပြီ။
ကြည့်ရှုလော့။ ဆူးပင်များအပြည့်ပေါက်လျက် တစ်ပြင်လုံးပေါင်းပင်များဖုံးလွှမ်းကာ ၎င်း၏ကျောက်တံတိုင်းလည်း ပြိုပျက်လျက်ရှိ၏။
မြို့ထဲ၌ လူသူကင်းမဲ့ကျန်ခဲ့ပြီ။ မြို့တံခါးသည်လည်း ရိုက်ချိုးခံရ၍ ပျက်စီးလေပြီ။
ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။
ပြိုပျက်ခဲ့သော၊ လူသူကင်းမဲ့ခဲ့သော၊ ဖျက်ဆီးခြင်းခံရသောသင်၏ပြည်သည် နေထိုင်သူများသောကြောင့် ကျဉ်းကျပ်လိမ့်မည်။ သင့်ကို ဝါးမျိုခဲ့သောသူတို့သည်လည်း အဝေးသို့လွင့်သွားကြလိမ့်မည်။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအကောင်အားလုံးသည် လူသူကင်းမဲ့သောချိုင့်ဝှမ်း၊ ကျောက်ကြား၊ ဆူးချုံ၊ စားကျက် ရှိသမျှတို့၌ စွဲနေကြလိမ့်မည်။
မိုးခေါင်မည့်အကြောင်းနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
တဲတော်ကို ပြောင်တလင်းခါနေသောဥယျာဉ်ကဲ့သို့ ဖြစ်စေတော်မူပြီ။ တွေ့ဆုံစည်းဝေးရာတဲတော်ကို ဖျက်ဆီးတော်မူပြီ။ ထာဝရဘုရားသည် ဇိအုန်မြို့အား ပွဲတော်နေ့၊ ဥပုသ်နေ့ကို မေ့စေတော်မူပြီ။ အမျက်ပြင်းစွာဖြင့် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို ပစ်ပယ်တော်မူပြီ။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။
ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။