ဟေရှာယ 5:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏မြားတို့သည် ချွန်ထက်၍ သူတို့၏လေးရှိသမျှတို့သည်လည်း တင်ထားလျက်ရှိ၏။ မြင်းတို့၏ခွာသည် မီးခတ်ကျောက်နှင့်တူသည်ဟုထင်ရ၏။ စစ်ရထားဘီးတို့သည် လေပွေကဲ့သို့ဖြစ်၏။ Common Language Bible သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။- Garrad Bible မြှား ချွန် လျက်၊ လေး တင် လျက် ရှိ ကြ မည့် ပြင်၊ မြင်း ခွာ များ သည် မီး ခတ် ကျောက် ကဲ့ သို့လည်း ကောင်း၊ ရ ထား ဘီး များ လည်း လေ ဗွေ ကဲ့ သို့လည်း ကောင်း၊ ထင် မှတ် ဖွယ် ရှိ ကြ လ တ္တံ့။ Judson Bible သူတို့မြားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့လည်းကောင်း၊ ရထားဘီးတို့သည်လည်း၊ လေပွေကဲ့သို့လည်းကောင်း ထင်ကြ၏။ |
ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
မြင်းခွာသံတခွပ်ခွပ်၊ စစ်ရထားသံတဂျုန်းဂျုန်း၊ ဘီးလိမ့်သံတဒုန်းဒုန်းကြောင့် ဖခင်တို့သည် လက်မှိုင်ချ၍ သူတို့၏ကလေးများကိုပင် လှည့်မကြည့်နိုင်ကြ။
သူတို့၏မြားကျည်တောက်သည် ပွင့်နေသောသင်္ချိုင်းဂူကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ခွန်အားကြီးသောသူများဖြစ်ကြ၏။
လမ်းရှိသမျှသည် မြင်းခွာရာများ ထပ်နေလိမ့်မည်။ သင်၏လူများကို ဓားဖြင့်သတ်လိမ့်မည်။ ခိုင်ခံ့သောကျောက်တိုင်များလည်း မြေပေါ်လဲကျရလိမ့်မည်။
သင်နှင့်သင်၏စစ်သည်အပေါင်းမှစ၍ သင်နှင့်အတူရှိသောလူအုပ်ကြီးသည် လေပြင်းမုန်တိုင်းကဲ့သို့ ချီတက်လာပြီး မိုးတိမ်ကဲ့သို့ ထိုပြည်ကို ဖုံးအုပ်လိမ့်မည်’ဟု မိန့်တော်မူ၏။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
စစ်မြင်းတို့သည် ကဆုန်ပေါက် ပြေးနေကြပြီ။ မြင်းခွာသံများလည်း ပွက်လောရိုက်လေပြီ။