ဟေရှာယ 5:28 - Common Language Bible28 သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 မြှား ချွန် လျက်၊ လေး တင် လျက် ရှိ ကြ မည့် ပြင်၊ မြင်း ခွာ များ သည် မီး ခတ် ကျောက် ကဲ့ သို့လည်း ကောင်း၊ ရ ထား ဘီး များ လည်း လေ ဗွေ ကဲ့ သို့လည်း ကောင်း၊ ထင် မှတ် ဖွယ် ရှိ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible28 သူတို့မြားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့လည်းကောင်း၊ ရထားဘီးတို့သည်လည်း၊ လေပွေကဲ့သို့လည်းကောင်း ထင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 သူတို့၏မြားတို့သည် ချွန်ထက်၍ သူတို့၏လေးရှိသမျှတို့သည်လည်း တင်ထားလျက်ရှိ၏။ မြင်းတို့၏ခွာသည် မီးခတ်ကျောက်နှင့်တူသည်ဟုထင်ရ၏။ စစ်ရထားဘီးတို့သည် လေပွေကဲ့သို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။