အကျွန်ုပ်သည် မွေးဖွားလာသည်နှင့် လက်တော်ထဲသို့ရောက်ပါ၏။ အမိဝမ်းထဲ၌ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
ဟေရှာယ 49:1 - မြန်မာ့စံမီသမ္မာကျမ်း ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။ Common Language Bible တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊ ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။ ငါမမွေးမဖွားမီအခါကပင်လျှင် ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။ Garrad Bible အ ချင်း ကျွန်း ကြီး ကျွန်း ငယ် တို့ ငါ့ စ ကား ကို နာ ခံ ကြ လော့။ အ ချင်း လူ မျိုး တို့၊ ဝေး ကွာ ရာ အ ရပ် မှ နား ထောင် ကြ လော့။ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဖွား စ က ပင် ခေါ် တော် မူ ပြီ။ အ မိ ဝမ်း မှ စ၍ ငါ့ အ မည် ကို မှတ် တော် မူ ပြီ။ Judson Bible တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကိုကြားကြလော့။ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။ |
အကျွန်ုပ်သည် မွေးဖွားလာသည်နှင့် လက်တော်ထဲသို့ရောက်ပါ၏။ အမိဝမ်းထဲ၌ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ထို့ကြောင့် အရှေ့အရပ်၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။
ရပ်ဝေးရှိလူတို့၊ ငါပြုသောအမှုကို ကြားသိကြလော့။ ရပ်နီးရှိလူတို့၊ ငါ့အစွမ်းတန်ခိုးကို သိမှတ်ကြလော့”ဟု မိန့်တော်မူ၏။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
သင့်ကို ရွေးနုတ်တော်မူသောအရှင်၊ သင့်ကို အမိဝမ်းထဲကပင် ပုံဖော်ဖန်ဆင်းတော်မူသောအရှင်ထာဝရဘုရားက “ငါထာဝရဘုရားသည် အရာခပ်သိမ်းကိုဖန်ဆင်း၏။ မိုးကောင်းကင်ကို ငါတစ်ပါးတည်းဖြန့်ကြက်၏။ မြေကြီးကို ငါတစ်ပါးတည်းခင်းကျင်း၏။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ ကြွင်းကျန်သောအစ္စရေးအမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဝမ်းဗိုက်ထဲကပင် သင့်ကို ငါလွယ်ထား၏။ မွေးစကပင် သင့်ကို ငါချီမထား၏။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။
ငါ၏ဖြောင့်မတ်ခြင်းသည် အနီးတွင်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်လာပြီ။ ငါ့လက်ရုံးသည် လူမျိုးတို့ကိုတရားစီရင်မည်။ ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်၍ ငါ့လက်ရုံးကို မျှော်လင့်ကိုးစားကြလိမ့်မည်။
ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
အကြောင်းမူကား သူသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လာမည်။ စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကိုလည်းမသောက်၊ အမိဝမ်းတွင်း၌ရှိစဉ်ကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။
သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။
ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။
သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူသောဘုရားသခင်သည်
ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် သိမှတ်ခွဲခန့်ထားခြင်းခံရသော်လည်း ဤနောက်ဆုံးသောအချိန်ကာလ၌ သင်တို့အတွက်ပေါ်ထွန်းတော်မူ၏။