ဟေရှာယ 48:20 - မြန်မာ့စံမီသမ္မာကျမ်း
ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။
အခန်းကိုကြည့်ပါ။
ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
အခန်းကိုကြည့်ပါ။
ဗာ ဗု လုန် မြို့ တွင်း မှ ထွက် ကြ လော့။ ခါ လ ဒဲ လူ တို့ ဘောင် မှ သွား ကြ လော့။ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် နှံ့ ပြား စေ လျက်၊ ကြွေး ကြော် သံ နှင့် တ ကွ ဖော် ပြ ကြား ပြော ရ မည် မှာ၊ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ယာ ကုပ် ကို ရွေး နုတ် တော် မူ ပြီ။
အခန်းကိုကြည့်ပါ။
ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။
အခန်းကိုကြည့်ပါ။