Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 31:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မှတ်တိုင်​များ​ကို စိုက်သွား​လော့​။ ကျောက်ပုံ​များ​ဖြင့် အမှတ်အသားပြု​သွား​လော့​။ သင်​သွား​သော​လမ်းမကြီး​ကို သင့်​စိတ်​ထဲ၌ မှတ်သား​သွား​လော့​။ အို အစ္စရေး​အပျိုကညာ​၊ ပြန်လာ​လော့​။ ဤ​မြို့​များ​သို့ ပြန်လာ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 မှတ်​တိုင်​များ​ကို​စိုက်​ထူ​၍​လမ်း​ကို​မှတ်​သား ထား​လော့။ သင်​တို့​ထွက်​ခွာ​သွား​ရာ​လမ်း​ကို​တစ်​ဖန် ပြန်​၍​ရှာ​လော့။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ပြန်​လာ​ခဲ့​ကြ​လော့။ သင်​တို့​စွန့်​ခွာ​သွား​သည့်​မြို့​များ​သို့​ပြန်​လာ ခဲ့​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 က ညာ ဖြစ် သော အို ဣ သ ရေ လ လူ မျိုး၊ မှတ် တိုင်၊ မှော် ကွန်း တိုင် များ ကို ထူ စိုက် လျက်၊ ထွက် ခဲ့ ရာ ခ ရီး လမ်း ကို စိတ် စွဲ လမ်း ၍၊ နေ ရင်း ဤ မြို့ ရွာ များ သို့၊ ပြန် လည် လာ ရောက် ပါ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 လမ်း၌ မှတ်​တိုင်​တို့​ကို​စိုက်​လော့။ အ​လံ​တိုင်​တို့​ကို ထူ​လော့။ လိုက်​သွား​သော​လမ်း​မ​ကို စိတ်​စွဲ​လမ်း​လော့။ အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ ပြန်​လာ​လော့။ သင်၏​နေ​ရာ ဤ​မြို့​များ​သို့ ပြန်​လာ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 31:21
23 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။


ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သော​သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယဇ်ပူဇော်​ရန် လေဝိ​အမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်လာ​ကြ​၏​။


ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။


ဖိနှိပ်ချုပ်ချယ်မှု​ကို ယုံကြည်ကိုးစား​ခြင်း​မ​ပြု​ကြ​နှင့်​။ လုယက်မှု​အပေါ်​၌​လည်း အချည်းနှီး​မ​မျှော်လင့်​ကြ​နှင့်​။ ဥစ္စာပစ္စည်း​တိုးပွား​လျှင်လည်း ထို​အရာ​တို့​ကို စိတ်​စွဲလမ်း​ခြင်း​မ​ရှိ​ကြ​နှင့်​။


ကိုယ်တော်​၌ အားယူ​သော​သူ​၊ ဇိအုန်​သို့​သွား​ရာ​လမ်း​ကို နှလုံး​သွင်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ငါ​သည် ထို​အဖြစ်​ကို​မြင်​သောအခါ နှလုံးသွင်း​၍ ငါ​တွေ့မြင်​သော​အရာ​ကို သင်ခန်းစာ​ယူ​၏​။


ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။


တစ်စုံတစ်ယောက်​က “​မြေဖို့​ကြ​။ မြေဖို့​ကြ​။ လမ်း​ကို​ပြင်​ကြ​။ ငါ​၏​လူ​တို့​သွား​ရာ​လမ်း​မှ ခလုတ်တံသင်း​ကို​ဖယ်ရှား​ကြ​လော့​”​ဟု ဆို​လိမ့်မည်​။


ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


ထို့ကြောင့် သင်​သည် မြောက်အရပ်​သို့​သွား​၍ ဤ​သတင်းစကား​တို့​ကို ဟစ်ကြော်​ပြောဆို​လော့​။ ‘​အို လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​၊ ပြန်လာ​လော့​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် ကရုဏာ​ထား​သည်​ဖြစ်၍ သင့်​အပေါ် အမျက်​ကျရောက်​စေ​မည်​မ​ဟုတ်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် အမျက်​အစဉ်​ထွက်​မည်​မ​ဟုတ်​။


အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လာ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထာဝရဘုရား​က “ငါ​သည် သင်​တို့​၏​ခင်ပွန်း​ဖြစ်​၏​။ သင်​တို့​ကို မြို့​တစ်​မြို့​လျှင်​တစ်ယောက်​၊ မျိုးနွယ်စု​တစ်​စု​လျှင်​နှစ်​ယောက် ရွေးယူ​၍ ဇိအုန်​မြို့​သို့​ပို့ဆောင်​မည်​။


အို အစ္စရေး​အပျိုကညာ​၊ ငါ​သည် သင့်​ကို ပြန်လည်​တည်ဆောက်​မည်​။ သင်​သည် ပြန်လည်​တည်ဆောက်​ခြင်း​ခံရ​မည်​။ သင်​သည် ပတ်သာ​ကို​ဆောင်​လျက် ပျော်မြူး​ကခုန်​သော​သူ​တို့​နောက်​သို့ တစ်ဖန် လိုက်သွား​ရ​လိမ့်မည်​။


အို အီဂျစ်​သမီး​ပျို​၊ ဂိလဒ်​ပြည်​သို့​သွား​၍ လိမ်းဆေး​ကို​ယူ​လော့​။ သင်​သည် ဆေး​အမျိုးစုံ​လိမ်း​သော်လည်း အချည်းနှီး​သာ​ဖြစ်​၏​။ သင့်​အနာ ပျောက်ကင်း​မည်​မ​ဟုတ်​။


‘​လာ​ကြ​။ မ​ပျက်ပြယ်​နိုင်​သော​ထာဝရ​ပဋိညာဉ်​ဖြင့် ထာဝရဘုရား​နှင့်​မိတ်သဟာယဖွဲ့​ကြ​စို့​’​ဟု ဆို​လျက် ဇိအုန်​မြို့​ဘက်​သို့​လှည့်​၍ ဇိအုန်​မြို့​သို့​သွား​သော​လမ်း​ကို မေးမြန်း​ကြ​လိမ့်မည်​။


ဓားဘေး​မှ လွတ်မြောက်​သော​သူ​တို့​၊ ထွက်သွား​ကြ​။ ရပ်​မ​နေ​ကြ​နှင့်​။ ထာဝရဘုရား​ကို အဝေး​မှ​အောက်မေ့​ကြ​။ ဂျေရုဆလင်​မြို့​ကို သတိရ​ကြ​။


ဘေဘီလုံ​မြို့​မှ ထွက်ပြေး​ကြ​။ အသက်ဘေး​လွတ်​အောင် ပြေး​ကြ​။ ထို​မြို့​၏​အပြစ်​ကြောင့် အဖျက်ဆီး​မ​ခံ​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​လက်တုံ့ပြန်​ရာ​အချိန်​ကျရောက်​ပြီ​။ ထို​မြို့​ခံထိုက်​သော​အပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​မည်​။


ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။


ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မျက်စိ​ဖွင့်​၊ နားစွင့်​ပြီး ငါ​ပြ​မည့်​အရာ​အားလုံး​ကို နှလုံးသွင်း​မှတ်ကျုံး​လော့​။ ဤ​အရာ​တို့​ကို သင့်​အား​ငါ​ပြသ​ရန် သင့်​ကို ဤ​နေရာ​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏​။ သင်​မြင်​သမျှ​သော​အရာ​တို့​ကို အစ္စရေး​လူမျိုး​တို့​အား ပြန်လည်​ပြောပြ​လော့”​ဟု မြွက်ဆို​၏​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။


ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​ထံ ကွဲလွင့်​စေ​ခဲ့​သော်လည်း သူ​တို့​သည် ရပ်ဝေး​၌ပင် ငါ့​ကို​သတိရ​ကြ​လိမ့်မည်​။ သူ​တို့​သည် သားသမီး​များ​နှင့်တကွ အသက်ရှင်​လျက် ပြန်လာ​ရ​ကြ​လိမ့်မည်​။


“​ယနေ့ သင်​တို့​အား ငါ​သတိပေး​သော​စကား​ရှိသမျှ​တို့​ကို နှလုံးသွင်း​ကြ​လော့​။ ဤ​တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သင်​တို့​၏​သားသမီး​တို့​ကို မှာကြား​ကြ​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ