၂ ရာ 7:23 - မြန်မာ့စံမီသမ္မာကျမ်း23 မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible23 အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 အိ ဂျစ် ပြည် မှ စ၍ အ ခြား ပြည် များ နှင့် ချင်း တို့ ဘု ရား များ အ တွင်း မှ ရွေး နုတ် တော် မူ ခဲ့ သော လူ မျိုး တော့် အ ဖို့လည်း ကောင်း၊ ပြည် တော့် အ ဖို့လည်း ကောင်း၊ ထို လူ မျိုး တော့် ရှေ့ တွင် ကြောက် မက် ဖွယ် အ မှု ကြီး များ ကို စီ ရင် လျက် ကျော် စော ကိ တ္တိ ရ အံ့ သော ငှါ ကိုယ် တော် တိုင် ကြွ၍ ပိုင် ရာ တော် အ ဖြစ် ရွေး နုတ် တော် မူ သော ဣ သ ရေ လ လူ မျိုး ကဲ့ သို့ မြေ ကြီး ပေါ် တွင် လူ မျိုး ရှိ သေး သ လော။ အခန်းကိုကြည့်ပါ။Judson Bible23 နာမတော်ကိုထင်ရှားစေ၍ အဲဂုတ္တုပြည်အစရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးရှေ့တွင် လူမျိုးတော်အဖို့နှင့် ပြည်တော်အဖို့ ကြောက်မက်ဖွယ်သော အမှုကြီးတို့ကိုပြုခြင်းငှာ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဖို့ရွေးနုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစ်စုံတစ်မျိုးသည် မြေကြီးပေါ်မှာရှိပါသလော။ အခန်းကိုကြည့်ပါ။ |
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် ကိုယ်တိုင်ကြွတော်မူ၍ မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပြီး ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို သိစေခဲ့ပါပြီ။ ကိုယ်တော်သည် သူတို့ကို အီဂျစ်ပြည်မှ ကယ်ထုတ်တော်မူခဲ့ပြီး သူတို့ရှေ့မှလူမျိုးခြားတို့ကို နှင်ထုတ်တော်မူခဲ့ပါ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး